ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်းနှင့်တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ

တိုင်ဖွန်းမုန်တိုင်း“ရာဂီ”၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ အချို့ ရထားလမ်းတာဘောင်နေရာများနှင့် တံတားများအား ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ယာယီ ရပ်ဆိုင်းထားရသည့် ရထားခရီးစဉ်များကို အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်လျက်ရှိရာ ၁၈.၉.၂၀၂၄ ရက်နေ့မှစ၍ တပ်ကုန်းနှင့် သာစည်အကြား ရေတိုက်စားခံခဲ့ရသည့် နေရာအချို့ကို ပြုပြင်ပြီးနောက် တစ်လမ်းမောင်းစနစ်ကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် သာစည်ဘူတာ နှင့် ညောင်ရမ်းဘူတာတို့တွင် ယာယီရပ်တန့်ထားရသော ရထားတို့ကို ရန်ကုန်ဘက်သို့ ဆက်လက် စေလွှတ်ပေးနိုင်ပြီဖြစ်သည့်အပြင် ပျော်ဘွယ်ဘူတာ၊ ပျဉ်းမနားဘူတာနှင့် ရေနီဘူတာတို့၌ ရပ်တန့် ထားသော အဆန်ကုန်ရထားလေးစင်းတို့ကို သာစည်ဘူတာသို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာလ(၁၉) ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ သပြေတောင်းဘူတာနှင့် စမုံဘူတာအကြား ရထားလမ်းပိုင်းနှင့် တံတားများပျက်စီးမှု ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ရေတိုက်စား၍ ပျက်စီးလျက်ရှိသော သာစည်နှင့်လှိုင်းတက်ကြား၊ လှိုင်းတက်နှင့်ဘုရားငါးဆူအကြားရှိ ရထားလမ်း တာ ဘောင်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်း အင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျစီမံကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရန်ကုန်မှ မန္တလေးအထိ လူစီးရထားများ၊ ကုန် ရထားများ ဆောလျင်စွာ ပြန်လည်ပြေးဆွဲနိုင်ရေး လမ်းပိုင်းအား အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၄)

  • ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်းနှင့်တံတား များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိရာ တပ်ကုန်းနှင့် သာစည်အကြား ရေတိုက်စားခံခဲ့ရ သည့် နေရာအချို့ကို ပြုပြင်ပြီးနောက် တစ်လမ်းမောင်းစနစ်ကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် သာစည်ဘူတာနှင့် ညောင်ရမ်းဘူတာတို့တွင် ယာယီရပ်တန့်ထားရသော ရထားတို့ကို ရန်ကုန် ဘက်သို့ ဆက်လက်စေလွှတ်ပေးနိုင်ပြီဖြစ်သည့်အပြင် ပျော်ဘွယ်ဘူတာ၊ ပျဉ်းမနားဘူတာ နှင့် ရေနီဘူတာတို့၌ ရပ်တန့်ထားသော အဆန်ကုန်ရထားလေးစင်းတို့ကို သာစည်ဘူတာသို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့

Add new comment