ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် စက်တင်ဘာလ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်သည့် နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၁၀)နှစ်မြောက်အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimireက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၁၀)နှစ်မြောက် အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ခဲ့ကြပါသည်။ ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများကို သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ဧည့်ခံပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် ဇနီး၊ ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူး၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးသည် နီပေါနိုင်ငံသံအမတ်ကြီးနှင့်အတူ နီပေါနိုင်ငံ၏ အခြေခံဥပဒေရေး ဆွဲခြင်း (၁၀)နှစ်မြောက် အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ခဲ့။
Add new comment