လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Ms. Noriko Takagi နှင့်အဖွဲ့အား စက်တင်ဘာလ ၁၈ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန် ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှု စာချွန်လွှာ (MoU)မူဘောင်အရ လုပ် ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် MoU သက်တမ်း ထပ်မံတိုးမြှင့်နိုင်ရေး အခြေအနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များနှင့် ပြည်ပမှ တင်သွင်းသည့်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ ညှိ နှိုင်းဆောင်ရွက်ပေးမှုအခြေအနေ၊ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင် နိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက် နိုင်ရေးအခြေအနေတို့ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
တွေ့ဆုံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များနှင့် ပြည်ပ မှ တင်သွင်းသည့်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်း ဆောင်ရွက်ပေးမှုအခြေအနေ၊ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင်နိုင် ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေတို့အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment