ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၂ ဒသမ ၄၁ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်း အဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ-

  • စက်တင်ဘာလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ (၄၁)ရပ်ကွက်တွင် ကြိုတင်သတင်းရရှိထားသူ ထွန်းထွန်းမြင့်နှင့် ပူးပေါင်းပါဝင်သူ ဘသာဇံ တို့အား ကတ်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့။
  • စစ်ဆေးဖော်ထုတ်ချက်များအရ စက်တင်ဘာလ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လှရွှေ(ခ)အဒူရ်မူနနှင့် ဇော်မင်းနိုင်(ခ)အင်မရန်းတို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသ ကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၄၁ ဘီလီယံကျော်တန်ဖိုးရှိ ကတ်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ်တို့ကို သိမ်း ဆည်းရမိခဲ့။

ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ် ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉-၂၀၂၄)

  • ဒဂုံမြို့သစ်(မြောက်ပိုင်း) နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ဒသမ ၄၁ ဘီလီယံကျော် တန်ဖိုးရှိ ကတ်တမင်း ကီလို၊ Happy Water ၁၀၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ်တို့အား တရားခံ ဦးနှင့်အတူ သိမ်းဆည်းရမိခဲ့။

Add new comment