ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တောင်သာမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေသော PDF အမည်ခံ အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများ အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့်အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများကို လုပ် ဆောင်လျက်ရှိသဖြင့် PDF အမည်ခံအကြမ်းဖက်သမားများကို ဒေသခံပြည်သူလူထုက ရွံ့ရှာမုန်းတီး လျက်ရှိပြီး တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation)ကို ဆောင်ရွက်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

စက်တင်ဘာလ ၁၆ ရက်တွင် အကြမ်းဖက်မှုကို မလိုလားသောဒေသခံပြည်သူများ၏ သတင်း ပေးပို့မှုအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်သာမြို့နယ်၊ သာယာကြီးကျေးရွာအနီး ခိုအောင်းလှုပ် ရှားနေသော အကြမ်းဖက်သောင်းကျန်းသူများကို စနစ်တကျချီတက်ရှင်းလင်းခဲ့ရာ သာယာကြီးကျေးရွာ ၏ မြောက်ဘက်ခြမ်းကျေးရွာ စာသင်ကျောင်းနှင့် ဓမ္မပါလဘုန်းကြီး ကျောင်းတိုက်ဝန်းကျင်၌ အင်အား စုဖွဲ့ အခြေပြုလျက်ရှိသည့် ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် အရှေ့တောင်ဘက်သို့ ဆုတ် ခွာထွက်ပြေးသွားခဲ့ပါသည်။

  • အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့နှင့် ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခုကို သိမ်းဆည်းရမိခဲ့ပြီး ထိတွေ့မှုဖြစ်ပွားသော နေရာတဝိုက်သို့ ဆက် လက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ အသုံးပြုသော မော်တော်ယာဉ်အချို့၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ဒေသန္တရကွန်ကြူပိုက်မိုင်းအကြီး ၆ လုံး၊ အသေး ၅ လုံး၊ စနက်တံ ၂၀ ခု၊ ၅.၅၆ မမကျည် ၁၄၀ တောင့်နှင့် ဝါယာကြိုး ၂ ခွေ သိမ်းဆည်းရမိခဲ့။
  • အကြမ်းဖက်အဖွဲ့များ ထိခိုက်သေဆုံး ဒဏ်ရာအများအပြားဖြင့် သာယာကြီးရွာအတွင်းမှ တောင်ဘက်နှင့် အနောက်ဘက်များသို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားပြီး မိမိလုံခြုံရေး တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့။

            တပ်မတော်စစ်ကြောင်းများအနေဖြင့် ယခုကဲ့သို့ ယုံကြည်စွာသတင်းပေးမှုအပေါ် အရေးယူ ဆောင်ရွက်လာခြင်းကြောင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများက ဝမ်းမြောက်ကျေးဇူးတင်ကြလျက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့် တပ်မတော် စစ်ကြောင်းများမှလည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ မတရားနှိပ်စက်ငြှင်းပန်း၍ ဆက်ကြေး ကောက်၊ လူသတ်၊ ပြန်ပေးဆွဲလုပ်ရပ်များခံစားရသည့် ကျေးရွာများသို့ ကိုယ်တိုင်သတင်းဖော်ထုတ် ၍လည်းကောင်း၊ ယုံကြည်စိတ်ချရသည့် ဒေသခံရွာသူ၊ ရွာသားများထဲမှ သတင်းရရှိမှုအပေါ် မူတည် လျက် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုပြဋ္ဌာန်းချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉ -၂၀၂၄)

  • ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တောင်သာမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေ သော PDF အမည်ခံ အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်း ကျန်းသူအလောင်းအချို့နှင့် ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခု၊ မော်တော်ယာဉ်အချို့၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ဒေသန္တရကွန်ကြူပိုက်မိုင်းအကြီး ၆ လုံး၊ အသေး ၅ လုံး၊ စနက်တံ ၂၀ ခု၊ ၅.၅၆ မမကျည် ၁၄၀ တောင့်နှင့် ဝါယာကြိုး ၂ ခွေ သိမ်းဆည်းရမိခဲ့။

Add new comment