စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှ ဒေသခံပြည်သူများ တောင်ယာလုပ်ကိုင်ရန် သွားရောက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG နှင့် CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မြို့၊ ရွာများ အတွင်းဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်း စသည့်အကြမ်း ဖက်လုပ်ရပ်များအား အဆင်အခြင်မဲ့စွာ လုပ်ဆောင်လျက်ရှိပါသည်။

  • စက်တင်ဘာလ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းများဆောင်ရွက်ရန်အတွက် မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ပြည်ဖျက် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့အား ထောက်ခံ အားပေးမှုမရှိသည့်အတွက် ရက်စက်ယုတ်မာစွာဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါကြွယ်ပုံ ကျေးရွာအား  Drop Bomb  များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံးပြီး   ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့။
  • စက်တင်ဘာလ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ သံဃာတော် တစ်ပါးသည် ကူမဲမြို့သို့ သွားရောက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက် ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဆိုင်ကယ်တစ်စီး၊ ဖုန်းနှင့်ငွေများအား လုယက်ယူဆောင်သွားခဲ့ရာ ဆရာတော်ဘဒ္ဒန္တကောဝိဒသည် ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး လိုက်ပါပို့ဆောင်သူ အမျိုးသားတစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့။
  • ထို့အတူ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မှန်ကင်းကျေးရွာ၌ အမျိုးသမီး ၁ ဦး သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် သံဃာတော်အပါအဝင် ရိုးသားစွာလုပ်ကိုင် စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် လုပ်ရပ်များအပေါ် ဒေသခံပြည်သူများအနေဖြင့် ရွံ့ရှာစက်ဆုပ်မုန်းတီးလျက်ရှိပြီး ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များပေါ် ပြည်သူလူထုတစ်ရပ်လုံးက လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်မှု (Counter– Terrorism Operation) ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများက လိုအပ်သည့် ကူညီပံ့ပိုးမှုများ အပြည့်အဝပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၄)

  • စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ တောင်သူများသည် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် အတွက် သွားရောက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက် ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။
  • မြစ်သားမြို့နယ်မှ ဆရာတော်ဘဒ္ဒန္တကောဝိဒသည် ကူမဲမြို့သို့ သွားရောက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပျံလွန်တော်မူခဲ့။
  • ဆင်ပေါင်ဝဲမြို့နယ်၊ မှန်ကင်းကျေးရွာ၌ အမျိုးသမီး ၁ ဦးအား PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့။

Add new comment