တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော တောင်သာမြို့နယ်၊ ပြဿဒ် ကြီးရွာကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့ဟူသည့်သတင်းသည် မှန်ကန်မှုမရှိသည့်သတင်းဖြစ်ပြီး တပ်မတော်အနေဖြင့် အကြမ်း ဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်နေသည့်ကာလအတွင်း ပြည်သူများထံမှ ပေးပို့သည့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေသည့်နေရာများကိုသာ ပစ်မှတ်ထား၍ အကြမ်း ဖက်မှုနှိမ်နင်းရေးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော အုတ်တွင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)တက်ရောက်ရန်အတွက် အသက်မပြည်သေးသည့် လူငယ်များကို အသက်လိမ်၍ မှတ်ပုံတင်ပြုလုပ်ပေးပြီး သင်တန်းတက်ရောက်ခိုင်းဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅) အထိ အောင်မြင်စွာဖွင့်လှစ်သင်ကြားလျက်ရှိသည့်အပြင် ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း များသည်လည်း တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့အသီးသီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံ စာမပြနိုင်သော ခရီးသွားလူငယ်တချို့ကို တပ်သားသစ်များအဖြစ် စုဆောင်းနေဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါမြို့နယ်အတွင်း အကြမ်းဖက်သမားများဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရန် စနစ် တကျရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့်နေ့ မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၄)

  • တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့ဟူသည့်သတင်းသည် မှန်ကန်မှုမရှိသည့်သတင်းဖြစ်။
  • အုတ်တွင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်()တက်ရောက်ရန်အတွက် အသက် မပြည်သေးသည့် လူငယ်များကို အသက်လိမ်၍ မှတ်ပုံတင်ပြုလုပ်ပေးပြီး သင်တန်းတက် ရောက်ခိုင်းဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
  • ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံ စာမပြနိုင်သော ခရီးသွားလူငယ်တချို့ကို တပ်သားသစ်များအဖြစ် စုဆောင်း နေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။

Add new comment