နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ပြည်တွင်း တည်ငြိမ်ရေး ဆောင်ရွက်နေ သကဲ့သို့ နိုင်ငံတကာနှင့်လည်း သံခင်းတမန်ခင်းကိစ္စရပ်များကို အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စက်တင်ဘာလ ၁၄ ရက်တွင် အောက်ပါသံအမတ်ကြီးများအား ခန့်အပ်တာဝန်ပေးအပ်ခဲ့ ပါသည်-
- ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ၎င်း၏လက်ရှိတာဝန်ဝတ္တရားများအပြင် ပူးတွဲခန့်အပ်ခဲ့။
- အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာ ဦးစီး ဌာန မှညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်အားလည်းကောင်း၊
- အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဦး အားလည်းကောင်း အသီးသီးခန့်အပ်ခဲ့ပါသည်။
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၎င်း၏ ခန့်အပ်လွှာကို စက်တင်ဘာလ ၁၂ ရက်တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ သမ္မတ ရုံး၌ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၉ -၂၀၂၄)
- နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးအတွက် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ အီဂျစ်အာရပ်သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံနှင့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးများ ခန့်အပ်တာဝန်ပေးခဲ့။
Add new comment