မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အပြင် ရေပြန်လည်ကျဆင်းသွားသည့်နေရာများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ပါသည်။
- စေတနာရှင်ပြည်များက တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက် စုစုပေါင်းငွေကျပ်သိန်း ၂,၃၂၅ ၊ ထမင်းဘူးများ၊ ဆန်အိတ် ၆၁၀ အိတ်၊ ရေသန့်ဘူး ၆,၀၀၀ ဘူး၊ လူသုံးကုန်ပစ္စည်း ၅၈ အိတ် တို့ကိုလည်းကောင်း၊ SKYNET Media ရွှေသံလွင်ကုမ္ပဏီမိသားစုမှ ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စက်တင်ဘာလ ၁၄ ရက်မှ စ၍ နေ့စဉ်ထမင်းဘူး ၁၀,၀၀၀ ကို နေပြည်တော်ကောင်စီသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁)မှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် မိသားစုမှ ပင်လောင်းကားလမ်းမကြီးတစ်လျှောက်နှင့် သိုက်ချောင်း လမ်းဆုံမှ ပုဗ္ဗသီရိမြို့ပတ်လမ်းတစ်လျှောက်တို့တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက် လျက်ရှိသော တပ်မတော်သားများနှင့် ဌာနဆိုင်ရာတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၄၅၀ တို့ အတွက် နံနက်စာနှင့် နေ့လယ်စာထမင်းဘူးများ၊ ရေဘေးသင့်ပြည်သူ ၄၅၀ တို့အတွက် ထမင်းဘူး ၄၅၀၊ အသင့်စားခေါက်ဆွဲထုပ် ၄,၆၈၀၊ အအေးဘူး ၁၅၆ ဘူး၊ ကွေကာအထုပ် ၁,၄၄၀ တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တစ်ဆင့် လှူဒါန်းပေးအပ်ခဲ့။
- ဒေါက်တာဘဒ္ဒန္တသောဘန အရှင်သူမြတ်က ၎င်း၏ သက်တော် ၇၇ နှစ်ပြည့်မွေးနေ့အကြို ဝိဇာတမင်္ဂလာကုသိုလ်အလှူတော်အဖြစ် ရေဘေးဒဏ်ခံခဲ့ရသော ဘုန်းတော်ကြီးကျောင်း များသို့ သင်္ကန်းဒွိစုံ ၆၀၀ ၊ သင်္ကန်းခြင်း ၃၁ ခြင်းအပါအဝင် ရဟန်းအသုံးအဆောင်ပစ္စည်း များနှင့် အလှူငွေကျပ်သိန်း ၁၀၀ ကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဦးဇော်ဇော်ဦးမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့။
- ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ ဦးဆောင်၍ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(နေပြည်တော်)တို့ ပူးပေါင်း၍ နေပြည်တော်ရှိရေဘေးသင့်ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း တစ်ရာ့ငါးဆယ်အပါအဝင် အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ စုစုပေါင်းငွေကျပ်သိန်းတစ်ထောင့်တစ်ရာ့ကို သွားရောက်ထောက်ပံ့ခဲ့။
- ရုပ်ရှင်အနုပညာရှင်များနှင့် မြန်မာနိုင်ငံဟာသပညာရှင်များက နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ၊ အခြေခံစားသောက်ကုန် များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့။
- နန္ဒာအောင်မြေဖောင်ဒေးရှင်းဦးဆောင်နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တ္တနိမလ ဦးဆောင် ၍ သမ္မတဖောင်ဒေးရှင်းနှင့် အလှူရှင်များမှ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်များ၊ စောင်များ၊ ဆန်နှင့် ဆီအပါအဝင် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ သံဃာ့အသုံးအဆောင် ပစ္စည်းများ စုစုပေါင်းငွေကျပ် သိန်းတစ်ထောင်ခန့် အလှူပစ္စည်းများအား ရုပ်ရှင်သရုပ် ဆောင် အကယ်ဒမီနေအောင်မှတစ်ဆင့်လှူဒါန်းပေးအပ်ခဲ့။
- ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် ကောက်ယူ ရရှိသော စာရင်းများအရ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးခဲ့ကြောင်းနှင့် ရေကြီးရေလျှံခဲ့မှုကြောင့် အဆိုပါမြို့နယ် ၅၆ မြို့နယ်တွင် လူနေအိမ် ၂,၁၁၆ လုံး ထိခိုက် ပျက်စီးခဲ့ပြီး ၁၅၈,၃၇၃ လုံး ရေဝင်နစ်မြှုပ်ခဲ့သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များက ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂,၈၅၈ စု၊ လူဦးရေ ၁၆၃,၇၁၀ ဦးတို့ကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာဆောင်ရွက်ပေးခဲ့။
ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၈၄ မြို့နယ်တို့တွင် ကောက်ယူရရှိသော စာရင်းများအရ အခြေခံ အဆောက်အဦ၊ ကောက်ပဲသီးနှံနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုများအနေဖြင့် ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁,၀၄၀ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈,၃၄၄ ကောင်သေဆုံး၍ စပါးနှင့် သီးနှံမျိုးစုံစိုက်ဧက ၆၄၃,၀၈၁ ဧက ရေဝင်နစ်မြှုပ်ခဲ့ကြောင်း သိရှိရပါသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ထိခိုက်မှု လျော့ပါး စေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိပြီး မိုးလေဝသသတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ကြေညာပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၄)
- ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် ကောက်ယူ ရရှိသော စာရင်းများအရ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးခဲ့ပြီး လူနေအိမ် ၂,၁၁၆ လုံး ထိခိုက် ပျက်စီးခဲ့ပြီး ၁၅၈,၃၇၃ လုံး ရေဝင်နစ်မြှုပ်ခဲ့သဖြင့် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များက ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂,၈၅၈ စု၊ လူဦးရေ ၁၆၃,၇၁၀ ဦးတို့ကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာဆောင်ရွက်ပေးခဲ့။
- နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈၄ မြို့ နယ်တို့တွင် ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင် ကျောင်း ၁,၀၄၀ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ် ရေးတိုင်များ ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈,၃၄၄ ကောင်သေဆုံး၍ စပါးနှင့် သီးနှံမျိုးစုံစိုက် ဧက ၆၄၃,၀၈၁ ဧက ရေဝင်နစ်မြှုပ်ခဲ့။
Add new comment