ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ရေလှောင်တမံ များတွင် ရေဝင်ရောက်မှုနှင့်ချောင်းများ၏ ရေစီးဆင်းမှုအခြေအနေ၊ ကျေးရွာချင်းဆက်လမ်း၊ တံတား များ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ဆက်သွယ်ရေးဖိုက်ဘာတိုင် များနှင့် ဓာတ်အားလိုင်းများ ပြိုလဲပျက်စီးဖြစ်ပေါ်ခဲ့မှုအခြေအနေ၊ ပျက်စီးသွားသည့် လမ်း၊ တံတား များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာကျောင်းများ နှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစီမံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၆ ရက်တွင်-
- နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ပြည်စံ အောင်မှ စစ်မှုထမ်းမြို့ကွက်သစ်ကို ဆက်သွယ်သော ဥယျာဉ်ဆင်သေချောင်းကူးတံတား ချဉ်း ကပ်လမ်းနှင့် ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် လေသာကျေးရွာသို့ ဆက်သွယ်ထားသည့် လေသာ-ဇီးကုန်း တံတားချဉ်းကပ်လမ်းများ ပျက်စီးနေမှုနှင့် မြေထိန်း နံရံများ ပြိုကျပျက်စီးမှုခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် သာစည်- ရွှေညောင်နှင့် ရွှေညောင်-အေးသာယာ-ပေါမူ-ထီသိမ်-တောင်ကြီး ရထားလမ်းပိုင်းများရှိ ရေ တိုက်စားပြီး ပျက်စီးချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့သည့် ဘူတာနေရာများ၊ ယာဒ်ဝင်းများ၊ ရထား လမ်းတာပေါင်များနှင့် ရထားလမ်းတံတားနေရာများ၏ အခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ရထားခရီးစဉ်များ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းများ၊ တံတား များကို လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြု၍ သတ်မှတ်စံနှုန်းအတိုင်း စနစ်တကျ ပြန်လည်ပြုပြင်သွားရန်၊ မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရေစီးဆင်းမှုကောင်းမွန် စေရန်အတွက် ရေပြွန်များ ထည့်သွင်းတည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ရေ မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပိုင်းအလိုက် လိုအပ် သည့်ပစ္စည်းများ ထောက်ပံ့ပေးသွားရန်တို့ကို မှာကြားခဲ့။
- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် သဘာဝဘေး အန္တရာယ်ကြောင့် ဆက်သွယ်ရေးစနစ်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)သို့သွားရောက်၍ ဆက်သွယ်ရေးစနစ်များ ပြန်လည်ကောင်း မွန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်သွယ်ရေး ဆက်ကြောင်း အမြန်ဆုံးရရှိနိုင်ရေးအတွက် ယာယီဖိုက်ဘာလမ်းကြောင်း သွယ်တန်းဆောင်ရွက် ထားရန်နှင့် ရေဝင်ရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်ရမည့် အစီအမံများနှင့် အရေးကြီး စာရွက်စာတမ်း စနစ်တကျသိမ်းဆည်းရန် အစီအမံများကို မှာကြားခဲ့။
လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းများ ဖြတ်သန်းရာဒေသများနှင့် မြန်မာနိုင်ငံတစ် ဝန်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်များ၊ ချောင်းများတွင် ရေစီးဆင်းမှုများပြားခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာ နိုင်ခြင်းအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ် စောင့်ကြည့်စီမံမှုများ ဆောင်ရွက်လျက်ရှိပြီး ရေကြီးရေလျှံမှုအခြေအနေများ ဖြစ်ပေါ်နိုင်သည့် ဒေသ များ၌ ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးကြေညာခြင်း၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉-၂၀၂၄)
- နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ သည် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် နေပြည်တော်အတွင်းရှိ လမ်း၊ တံတား များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ သာစည်- ရွှေညောင်နှင့် ရွှေညောင်-အေးသာယာ-ပေါမူ-ထီသိမ်-တောင်ကြီး ရထားလမ်းပိုင်းများရှိ ပျက်စီးချွတ်ယွင်းမှုများ၊ ဆက်သွယ်ရေးစနစ်များ ပြတ် တောက်မှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစီမံဆောင်ရွက်ခဲ့။
Add new comment