နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့ရာ စက်တင်ဘာလ ၁၂ ရက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် တရုတ်နိုင်ငံဗဟို စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးကျန်းယိုရှား (General Jiang You Xia) က တည်ခင်း ဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲ (Welcoming Dinner) သို့ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်-
- စက်တင်ဘာ ၁၃ ရက်တွင် 11th Beijing Xiangshan Forum ဖွင့်ပွဲအခမ်းအနားနှင့် မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ပေကျင်းမြို့ ပိုင်ယိ ခန်းမ (Bayi Hall) ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန် (General He Weidong) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလော အခြေ အနေများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ဖိုရမ်၏ စုံညီအစည်းအဝေး ဒုတိယပိုင်း (2nd Plenary Session) သို့ လည်းကောင်း၊ ဒေသ အလိုက် လုံခြုံရေးဆိုင်ရာဖိုရမ် အစည်းအဝေးများသို့လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်း (Admiral Dong Jun) က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ (Gala Dinner) သို့လည်းကောင်း တက်ရောက်ခဲ့။
- စက်တင်ဘာ ၁၄ ရက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. Mr. Chen Xiaodong ၏ “တရုတ်နိုင်ငံ၏ နိုင်ငံတကာရေးရာ ဆောင်ရွက်မှုများ” (Chinese Initiatives of Global Affairs) ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့ပြီး စုံညီ အစည်းအဝေး တတိယပိုင်းနှင့် စတုတ္ထပိုင်း (3rd and 4th Plenary Session) တို့သို့ ဆက်လက်တက်ရောက်ခဲ့။
- ခရီးစဉ်အတွင်း တရုတ်နိုင်ငံပေကျင်းမြို့ အခြေစိုက်အဆင့်မြင့် စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ် ကုန်များ၊ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေ ကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့။
- တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့သွားရောက်၍ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) နှင့် သံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုများနှင့်တွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး သံရုံး၊ စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုများအတွက် လက်ဆောင် ပစ္စည်းများကိုပေးအပ်ခဲ့။
တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယ ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ ( မြဝတီသတင်းစာ ၁၇-၉-၂၀၂၄)
- တရုတ် ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ် မြောက် ပေကျင်း ရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့။
- ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟဲဝေတုန် (General He Weidong) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ ၏ လတ်တလောအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံ တကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့။
Add new comment