အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို စက်တင်ဘာလ ၁၆ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့စဉ်-
- ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခံစားခဲ့ရသဖြင့် ရေဘေးသင့်ပြည်သူများအတွက် စီမံခန့်ခွဲမှုကော် မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံခန့်ခွဲမှုအဖွဲ့များက လိုအပ်ချက်များကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
- နေပြည်တော်ကောင်စီနယ်မြေတွင် စက်တင်ဘာ ၁၂ ရက် ရေကျချိန်မှစ၍ သန့်ရှင်းရေးလုပ် ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကူညီ ကယ်ဆယ်ရေး၊ သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၃၈၈ ခုဖွင့်လှစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ကျန်းမာရေးနှင့် အဝတ်အထည်ရရှိရေးတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဒါန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး ညွှန်ကြားခဲ့သည့်အတွက် ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝှမ်းဒေသရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးစခန်းများသို့ သွား ရောက်ရာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရ ဖြစ်စေမည့် အစားအသောက်များရရှိရေးအတွက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်အနေဖြင့် အလှူရှင်များမရောက်နိုင်သည့် အချို့ရေဘေးသင့် ယာယီကယ်ဆယ် ရေးစခန်းများအပါအဝင် ယာယီသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းများသို့လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် အခြေခံအစားအစာ ၅ မျိုးနှင့် သောက်သုံးရေရရှိရေးအတွက် ပို့ဆောင်ပေးလျက်ရှိကြောင်း။
- နိုင်ငံပိုင်ရုံးဌာနအဆောက်အဦများ ပျက်စီးဆုံးရှုံးမှု၊ လူနေအိမ်များနှင့် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးမှု၊ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုနှင့် တိရစ္ဆာန်သေဆုံးမှုတို့ကို စာရင်း ကောက်ယူရေးအဖွဲ့ ဖွဲ့စည်းပြီး ပျက်စီးဆုံးရှုံးမှုများကို မှန်မှန်ကန်ကန်ကောက်ယူနိုင်မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။
- လက်ရှိတွင် နိုင်ငံတကာအကူအညီအနေဖြင့် အာဆီယံကပေးပို့မည့် လူသားချင်းစာနာမှု အကူအညီတချို့ ရောက်ရှိတော့မည်ဖြစ်ပြီး AHA Center မှ နိုင်ငံတွင်း ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ကလည်း မြန်မာနိုင်ငံကို လာရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ရေးနှင့် နိုင်ငံတကာအကူအညီများ တိုးတက်ရရှိရေးအတွက် ပူးပေါင်းကူညီဆောင် ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
သက်ဆိုင်ရာတာဝန်ရှိသူများက ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများနှင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ အလှူငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ သက်ဆိုင်ရာ ရေဘေးသင့်ပြည်သူများသို့ စနစ်တကျဖြန့်ခွဲထောက်ပံ့ပေးသွားမည့် ကိစ္စရပ်များ၊ ပျက်စီးဆုံးရှုံးခဲ့ရသည့် စိုက်ဧကများအတွက် ရာသီဥတုနှင့် ကိုက်ညီသည့်သီးနှံများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည့် အစီအမံများနှင့် သဘာဝဘေးအန္တရာယ်များအား အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှအပ နေပြည်တော်ကောင်စီနယ်မြေနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီး သေဆုံးမှုအနေဖြင့် စက်တင်ဘာလ ၁၅ ရက် စာရင်းဇယားများအရ နိုင်ငံအဝန်း၌ မြို့နယ် ၆၉ မြို့နယ်မှ လူနေအိမ် ၁၀၈၃ လုံး၊ ရုံးဌာနအဆောက်အဦ ၁၄၆ လုံး၊ စာသင်ကျောင်း ၁၀၂၃ ကျောင်း၊ ဘာသာရေးကျောင်း ၃၈၂ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၇၇ ခု၊ လျှပ်စစ်မီးတိုင် ၉၆၃ တိုင်၊ ဆက်သွယ်ရေးတိုင် ၈၂ တိုင် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၁၇၂ ဦး၊ ပျောက်ဆုံးသူ ၃၈ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၀၅၃၈၈ ကောင်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉-၂၀၂၄)
- နေပြည်တော်ကောင်စီနယ်မြေတွင် စက်တင်ဘာ ၁၂ ရက် ရေကျချိန်မှစ၍ သန့်ရှင်းရေးလုပ်ငန်း များကို စတင်ဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကူညီကယ်ဆယ်ရေး၊ သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ။
- တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၃၈၈ ခုဖွင့်လှစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျန်းမာရေးနှင့် အဝတ်အထည်ရရှိရေးတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဒါန်းကူညီ ဆောင်ရွက်ပေးလျက်ရှိ။
- လက်ရှိတွင် နိုင်ငံတကာအကူအညီအနေဖြင့် အာဆီယံကပေးပို့မည့် လူသားချင်းစာနာမှု အကူ အညီတချို့ ရောက်ရှိတော့မည်ဖြစ်။
- စက်တင်ဘာလ ၁၅ ရက် စာရင်းဇယားများအရ ထိခိုက်ပျက်စီးသေဆုံးမှုအနေဖြင့် မြို့နယ် ၆၉ မြို့နယ်မှ လူနေအိမ် ၁၀၈၃ လုံး၊ ရုံးဌာနအဆောက်အဦ ၁၄၆ လုံး၊ စာသင်ကျောင်း ၁၀၂၃ ကျောင်း၊ ဘာသာရေးကျောင်း ၃၈၂ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၇၇ ခု၊ လျှပ်စစ်မီးတိုင် ၉၆၃ တိုင်၊ ဆက်သွယ်ရေးတိုင် ၈၂ တိုင်ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၁၇၂ ဦး၊ ပျောက်ဆုံးသူ ၃၈ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၀၅၃၈၈ ကောင်ရှိ။
Add new comment