နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၁၆ ရက်တွင် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား မြန်မာ သက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ်ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျန်စစ်သားမင်းကြီးတည်ဆောက်ခဲ့သည့် မြကန်ရေလှောင်တမံရှိ ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက-

  • ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန် (၉၁) ကန်အနက် တူးဖော်ပြီး၊ တူးဖော် ဆဲ၊ ဆက်လက်တူးဖော်ရန်ကျန်နှင့် တူးဖော်ရန်မလိုသည့် ရေကန်များ၏အခြေ အနေများ။
  • ဝန်ကြီးဌာနများမှ တာဝန်ယူဆောင်ရွက်သည့်ရေကန်များနှင့် အလှူရှင်များ၏ လှူဒါန်း ငွေများဖြင့် ဆောင်ရွက်သည့်ရေကန်များ၏အခြေအနေများ။
  • ရာဂီမုန်တိုင်းဖြစ်ပေါ်ခဲ့ချိန် မိုးသည်းထန်စွာရွာသွန်းခဲ့ချိန်၌ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုးရေချိန် စုစုပေါင်း ၁၀ ဒသမ ၇၁ လက်မအထိရှိခဲ့သော်လည်း ရေဝင်ရေထွက်လမ်းကြောင်းများရှင်းလင်းခြင်းနှင့် ရေကန်များကို ကြိုတင်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သတ်မှတ်လမ်းကြောင်းများနှင့် ရေကန်များအတွင်းသို့ စီးဝင်ခဲ့မှုအခြေအနေများ။
  • မိုးသည်းထန်စွာရွာသွန်းခဲ့ချိန်၌ သာသနာရေးဆိုင်ရာ အဆောက်အဦ ၁၂ ခုသာ မိုးရေစိမ့် ဝင်မှုကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ရေဝင်ရေဝပ်မှုကြောင့် ပျက်စီးခဲ့ခြင်းမရှိ သည်ကို တွေ့ရှိရသည့်အခြေအနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် မေလ အတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်စဉ် ပုဂံဒေသစိမ်းလန်းစိုပြေရေး နှင့် ရေဝင်ရေထွက်ကောင်းမွန်စေရေးအတွက် လမ်းညွှန်မှာကြားချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် မြကန်ရေလှောင်တမံဆိုင်ရာ အချက် အလက်များနှင့် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ။
  • မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ ရေစိမ့်ယိုမှုအနည်းငယ်နှင့် ရေငွေ့ပျံမှုများပြားခြင်းတို့ကြောင့် ရေသိုလှောင်ထားနိုင်မှု နည်းပါးလျက်ရှိသည်ကို တွေ့ ရှိရသည့်အတွက်လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများနှင့် ရေဝင်လမ်းကြောင်းများကို ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် များနှင့်အညီ တုရင်တောင်ကြောအပါအဝင် ပုဂံဒေသစိမ်းလန်းစိုပြေရေးအတွက် ရှေးဟောင်း နေရာများနှင့် ကင်းလွတ်သည့်နေရာများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိမှုနှင့် သစ်ပင်များရှင်သန်ဖြစ်ထွန်းမှုအခြေအနေများ။
  • မိတ္ထီလာမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေးဝဲယာ စိမ်းလန်း စိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများတည်ဆောက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က-

  • မြကန်သည် သမိုင်းတွင်ထင်ရှားခဲ့သည့် ကန်ကြီးဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်လိုပြီး ရေယိုစိမ့်မှုမရှိစေရေး ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း။
  • ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေး အဓိကထားဆောင် ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုမှာကြားခဲ့။
  • အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်၊ သစ်တောများစိုက်ပျိုးရာတွင် သမား ရိုးကျစိုက်ပျိုးသည့်နည်းစနစ်များအပြင် သစ်ပင်သစ်တောထု ရရှိစေရေးအတွက်လည်း နည်းလမ်းများရှာဖွေ၍ စိုက်ပျိုးကြရန်လိုအပ်မှုများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ပြီး နောက် မြကန်ရေလှောင်တမံဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တာဝန် ရှိသူများ၏ အရှေ့ဖွားစောကျေးရွာအနီးရှိ ဇေယျဝတီ (ဇေယျဝေရီ) ကန်ရေဝင်ရောက်နေမှု အခြေ အနေများနှင့် ရေဝင်ရောက်ရာလမ်းကြောင်းတွင် နုန်းစစ်ကန်များ ဆောင်ရွက်ထားရှိမှု အခြေအနေ များအားလည်းကောင်း၊ အနောက်ဖွားစောကျေးရွာအနီးရှိ မင်္ဂလာကန်အမှတ် (၃) (မွန်းတိမ်းကန်) အတွင်း ရေဝင်ရောက်မှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ဆည်ရေသောက် ဧရိယာ တစ်လျှောက်လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှု မရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေးစနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ရေလှောင်တမံများ၊ ရေကန်များရှိ ရေထိန်းတမံဧရိယာများအတွင်း ရေထိန်းတမံထိန်း သစ်ပင်များစိုက်ပျိုးထားရန်လိုပြီး ကန်များအနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးသီးနှံ စိုက်ပျိုး ခြင်းများဆောင်ရွက်မှုကြောင့် ရေကန်အတွင်းသို့ ရေဝင်ရောက်မှုလျော့နည်းနိုင်သည့်အတွက် သီးနှံစိုက်ပျိုးမှုများကို သတ်မှတ်အကွာအဝေးတွင်သာရှိစေရေး စည်းကမ်းများ၊ ဥပဒေ များနှင့်အညီ တားမြစ်ဆောင်ရွက်ထားရှိရန်လိုကြောင်း။
  • ရေကန်များအတွင်း ယခုကဲ့သို့ ရေများစုဆောင်းထားရှိနိုင်သည့်အတွက် သုံးရေအတွက် အထောက်အကူပြုစေနိုင်မည်ဖြစ်သကဲ့သို့ ပုဂံဒေသစိမ်းလန်းစိုပြေရေးအတွက်လည်း အကျိုး ရှိစေနိုင်မည်ဖြစ်သဖြင့် တမံများ၊ ရေကန်များကို စနစ်တကျဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး၊ စိမ်းလန်း စိုပြည်၍ ခရီးသွားများအားဆွဲဆောင်နိုင်ရေးအတွက် ရှေးဟောင်းရေကန်များအားပြန်လည် တူးဖော် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီတာဝန်ရှိသူများက စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ထာဝရကုသိုလ်ဖြစ်သည့် ရေကန်များပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် စေတနာရှင်ပြည်သူများအနေဖြင့်လည်း တစ်တပ် တစ်အား ပါဝင်လှူဒါန်းကုသိုလ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ ( မြဝတီသတင်းစာ ၁၇-၉-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • မြကန်သည် သမိုင်းတွင်ထင်ရှားခဲ့သည့် ကန်ကြီးဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်း ဆောင် ရွက်သွားရန်လိုပြီး ရေယိုစိမ့်မှုမရှိစေရေး ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက်ကောင်းမွန် စေရေး အဓိကထားဆောင်ရွက်ရန်လို။
  • အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်၊ သစ်တောများစိုက်ပျိုးရာတွင် သမားရိုးကျ စိုက်ပျိုးသည့်နည်းစနစ်များအပြင် သစ်ပင်သစ်တောထု ရရှိစေရေးအတွက်လည်း နည်းလမ်းများ ရှာဖွေ၍ စိုက်ပျိုးကြရန်လို။
  • ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ဆည်ရေသောက် ဧရိယာ တစ်လျှောက်လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှု မရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန် စေရေးစနစ်တကျဆောင်ရွက်ရမည်ဖြစ်ပြီး ရေလှောင်တမံများ၊ ရေကန်များရှိ ရေထိန်းတမံ ဧရိယာများအတွင်း ရေထိန်းတမံထိန်း သစ်ပင်များစိုက်ပျိုးထားရန်လို။

Add new comment