နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံ ယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးများ၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစော ထွန်းဝင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက-

  • ညောင်ဦး ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဌာန ဆိုင်ရာအလိုက် လုပ်ငန်းတာဝန်များထမ်းဆောင်လျက်ရှိမှု၊ မြေအသုံးချမှု၊ မိုးရွာသွန်းမှုနှင့် မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • ရာသီအလိုက်သီးနှံများ စိုက်ပျိုးထုတ်လုပ် လျက်ရှိမှု၊ ဆီထွက်သီးနှံများအား အထူးဇုန်များ ဖြင့် စိုက်ပျိုးလျက်ရှိမှု၊ ဒေသတွင်းဆန်နှင့် ဆီဖူလုံမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုအခြေအနေများ။
  • ဆည်တာတမံများတည်ရှိမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးဆောင်ရွက်ပေးထားမှု၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရေကန်များအတွင်း ရေဝင်ရောက်မှု၊ မိုး သည်း ထန်စွာရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းအဆောက်အဦ တချို့ထိခိုက်ခဲ့မှုအခြေအနေများ။
  • ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှုနှင့် ပုဂံညောင်ဦး ဒေသအတွင်း လမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက ညောင်ဦးမြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုအခြေနေများအား  ရှင်းလင်းတင်ပြခဲ့။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • လမ်းများဖောက်လုပ်ရာတွင် လမ်းဘေးဝဲယာ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ် မြောင်းများကို ထည့်သွင်းတည်ဆောက်ထားရှိရန်လိုပြီး ရေနုတ်မြောင်းများမရှိခြင်းကြောင့် မိုးရွာသွန်းချိန်တွင် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများပေါ်၌ သဲနုန်းများတင် လျက် ရှိကြောင်း။
  •  ယခင်နှစ်က မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့စဉ် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍ ရေစီး ရေလာကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ ရေကန်များ ပြန်လည်ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း နိုင်ငံအဝန်း မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့စဉ် ညောင်ဦးခရိုင် အနေဖြင့် ထိခိုက်မှုအနည်းငယ်သာရှိခဲ့ သည်ကိုတွေ့ရကြောင်း။
  • ဒေသအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်း များအနေဖြင့် မိမိတို့ကိုပေးအပ်ထားသည့် တာဝန်များကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန် လိုသကဲ့သို့ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့် ညွှန် ကြားချက်များအပေါ် တိကျစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း။
  • ဒေသ၏ ပညာရေးပိုင်းနှင့်ပတ်သက်၍ စာရင်းဇယားများအရ အထက်တန်းအဆင့်အထိ တက်ရောက်သည်မှာ ၁၂ ဒသမ ၈၈ ရာခိုင်နှုန်းအထိသာ ရှိသဖြင့် တန်းစဉ်ကူးပြောင်းမှု များသည်လည်း နည်းပါးနေသဖြင့် ညောင်ဦးခရိုင်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက် ရေး အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍ ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေအရ ပညာခေတ်၊ IT နည်းပညာ၊ AI နည်းပညာခေတ်တွင် လူတိုင်းအလယ်တန်းအဆင့်အထိ ပညာတတ်မြောက်ရန်လိုကြောင်း။
  • ပညာရေးအားပေးရမည်ဖြစ်သကဲ့သို့ စာဖတ်ရန်လည်းလိုအပ်မည်ဖြစ်သဖြင့် စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် မူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
  • အခြေခံပညာကျောင်းများ၌ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းဖြင့်လည်း ကလေးငယ်များ၏ စာဖတ်ခြင်း အလေ့အကျင့်ကောင်းနှင့် စာဖတ်စွမ်းအားများတိုးတက်လာပြီး ဗဟုသုတ အသိအမြင်များ ပိုမိုသိရှိလာမည်ဖြစ်ပြီး ပညာရည်မြင့်မားရေးသည် တိုင်းပြည်၏ အနာဂတ် ကို တည်ဆောက်နိုင်ရေးပုံဖော်နေခြင်းပင်ဖြစ်ကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ စိုက်ပျိုးသည့်သီးနှံများ အထွက်နှုန်း တိုး တက်ရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးတို့အတွက် မျိုးကောင်းမျိုးသန့်များ ရရှိရန်လို သကဲ့သို့ မြေပြုပြင်ခြင်းနှင့်ပတ်သက်၍လည်း မြေဩဇာထည့်သွင်းခြင်းအပါအဝင် သွင်း အားစုများ အလုံအလောက်စိုက်ထည့်ရမည်ဖြစ်ကြောင်း။
  • ညောင်ဦးခရိုင်အနေဖြင့် မိမိတို့တွင် ပိုင်ဆိုင်ထားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များ၊ အလှအပများကို လာရောက်လေ့လာခံစားကြသည့် ခရီးသွားများ၏ တည်းခို နေထိုင်ရေး၊ စားသောက်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့ အောင် စီမံဆောင်ရွက်ဆွဲဆောင်ခြင်းအားဖြင့် မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ် ပေါ်စေနိုင်မည်ဖြစ်ကြောင်း။
  • မြေလွတ်မြေရိုင်းများ၊ လယ်ယာမြေများ၊ ရှေးဟောင်းမြေများ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့နှင့်အညီ ဖြစ်ရန်လိုပြီး မြို့မြေများ တိုးချဲ့ရာတွင်လည်း Town Plan များ စနစ်တကျရေးဆွဲပြီး စည်းကမ်းနှင့် အညီ တင်ပြပြီးမှသာ ဆောင်ရွက်သွားရန်လိုကြောင်း။
  • ပုဂံညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြေများရှိသည့်အတွက် မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုတိုးတက်စေရေးအတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင့်တင်နိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း။
  • မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ အနေဖြင့် အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ချက် ဆောင်ရွက်နေရန်လိုကြောင်း ဖြင့်မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမ ဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ယွန်းပညာ ကောလိပ်သို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် တာဝန်ရှိသူများ၏ ယွန်း ပညာကောလိပ်၏ အဓိကလုပ်ငန်းတာဝန်များ၊ ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ပြည်ပနိုင်ငံများရှိ ကျောင်းများ၌ ယွန်းအတတ်ပညာ သင်ကြားနေမှုများနှင့် ပြည်ပမှပညာရှင်များမှ လာရောက်ပို့ချခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ယွန်း ပညာကောလိပ်ဖြစ်ပေါ်လာမှုတို့ကို ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယွန်းပညာရပ်နှင့်ပတ်သက်၍ မှေးမှိန်ပပျောက်မသွားစေရေး စဉ် ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီးနောက် ယွန်း နည်းစဉ် ခန်းမအတွင်း သင်တန်းသား၊ သင်တန်းသူများ၏ ဝါး၊ အနက်ထည်၊ ကညစ်၊ ရွှေဇဝါ ယွန်း၊ သားရိုးပန်းကြွ စသည်ဖြင့် ယွန်းနည်းစဉ်အဆင့်ဆင့်အား လက်တွေ့ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ယွန်းပြတိုက်အတွင်း အထူးပြခန်း၊ နိုင်ငံတကာ ယွန်းပစ္စည်းပြခန်း၊ လူမှုရေးအသုံးအဆောင်ပစ္စည်း ပြခန်းတို့တွင် ခင်းကျင်းပြသထားသည့် ယွန်းထည်များအား ပြခန်းတစ်ခုချင်းစီအလိုက် ခင်းကျင်း ပြသထားမှုများကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှုပြီးနောက် ယွန်းပညာကောလိပ်ရှိ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေပြန်လည် ကျဆင်းသွားပြီးနောက် သဲနုန်းများ၊ အပျက်အစီးများဖြစ်ပေါ်ကျန်ရှိနေမှု၊ စိုက်ဧက အများအပြား ပျက်စီးခဲ့မှုနှင့် ရေစီးဆင်းရာလမ်းကြောင်းနှင့်နီးစပ်သည့် အချို့သောကျေးရွာများ ရေဖုံးလွှမ်းခဲ့မှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ရဟတ်ယာဉ်ပေါ်မှ အသေးစိတ်ကြည့်ရှု စစ်ဆေး ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ ( မြဝတီသတင်းစာ ၁၇-၉-၂၀၂၄)

  • လမ်းများဖောက်လုပ်ရာတွင် လမ်းဘေးဝဲယာ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း များကို ထည့်သွင်းတည်ဆောက်ထားရှိရန်လိုပြီး ရေနုတ်မြောင်းများမရှိခြင်းကြောင့် မိုးရွာသွန်း ချိန်တွင် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများပေါ်၌ သဲနုန်းများတင်လျက်ရှိ။
  • ယခင်နှစ်က မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့စဉ် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍ ရေစီး ရေလာ ကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ ရေကန်များ ပြန်လည်ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ သဖြင့် ယခုရက်ပိုင်းအတွင်း နိုင်ငံအဝန်း မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့စဉ် ညောင်ဦးခရိုင်အနေဖြင့် ထိခိုက်မှုအနည်းငယ်သာရှိခဲ့သည်ကိုတွေ့ရ။
  • ပညာရေးအားပေးရမည်ဖြစ်သကဲ့သို့ စာဖတ်ရန်လည်းလိုအပ်မည်ဖြစ်သဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် မူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိ။
  • ပုဂံညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြေများရှိသည့်အတွက် မြေယာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး ပုဂံရှေးဟောင်း ယဉ် ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုတိုးတက်စေရေးအတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရေပြန်လည်ကျဆင်းသွား ပြီးနောက် စိုက်ဧက အများအပြား ပျက်စီးခဲ့မှုနှင့် ရေဖုံးလွှမ်းခဲ့မှုကြောင့် ကျေးရွာအချို့ ထိခိုက် ပျက်စီးခဲ့ရမှုအခြေအနေများကို ရဟတ်ယာဉ်ပေါ်မှ အသေးစိတ်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက် လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့။

Add new comment