စက်တင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင်-
- ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ခိုက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂိ၏အရှိန်နှင့် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကို သတိပေးထုတ်ပြန်မှုများ ဆောင်ရွက်ခဲ့သော်လည်း ယခုအတိုင်းအတာအထိ အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမည်ဟု မှန်းဆမှုမရှိခဲ့ကြကြောင်း။
- သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် ဒေသများ၌ လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ယခု ကဲ့သို့ ဆိုးရွားသည့်အခြေအနေဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ဘဲ ညအချိန်မိုးရွာသွန်းမှုများပြားပြီး ရုတ် တရက်တောင်ကျရေများ အလုံးအရင်းဖြင့် စီးဆင်းလာခဲ့သဖြင့်သာ ယခုကဲ့သို့ ထိခိုက်မှု များပြားခဲ့ရခြင်း ဖြစ်ကြောင်း။
- သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍ မရသော်လည်း တတ်နိုင်သမျှ ထိခိုက်မှု လျော့ နည်းအောင်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး ယခုဖြစ် စဉ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၌ ကာလတစ်လျှောက် ထိခိုက်မှုအကြီးမားဆုံးဖြစ် နိုင်သဖြင့် ရယူရမည့် သင်ခန်းစာများနှင့် ပြင်ဆင်ရမည်များ များစွာရှိကြောင်း။
- သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်လွှင့် ရာတွင် ပညာရပ်ဆိုင်ရာအသုံးအနှုန်းများထက် သာမန်ပြည်သူလူထုလွယ်ကူ ရှင်းလင်း စွာဖြင့် သတိပြုနားလည်နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း။
- စက်တင်ဘာလ ၁၆ ရက်က ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့စဉ် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့မှု၏ ရေစီးဆင်းရာအစဖြစ်သည့် ရှမ်းကုန်းပြင်မြင့်နှင့် ဆက်စပ်တောင်ကုန်း တောင်တန်းများပေါ်မှ ရေများစီးဆင်းတိုက်စားခဲ့မှုကြောင့် တောင်ပြို၊ မြေပြိုမှုများ ဖြစ်ပေါ် နေမှု၊ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့မှုကြောင့် ရေတိုက်စားရာ လမ်း ကြောင်းကြီးများဖြစ်ပေါ်နေမှုနှင့် ရေပြန်လည်ကျဆင်းသွားပြီးနောက် သဲနုန်းများ၊ အပျက် အစီးများ ဖြစ်ပေါ်ကျန်ရှိနေမှု၊ စိုက်ဧကအများအပြားပျက်စီးခဲ့မှုနှင့် ရေစီးဆင်းရာ လမ်း ကြောင်းနှင့် နီးစပ်သည့် အချို့သော ကျေးရွာများ ရေဖုံးလွှမ်းခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက် ပျက်စီး ခဲ့ရမှုအခြေအနေများကို စိတ်မကောင်းဖြစ်ဖွယ်တွေ့မြင်ခဲ့ရကြောင်း။
- ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုနှင့် ဆက်စပ်၍ တရားဝင်ခွင့်ပြုပေးထားသည့် သစ်ကွင်းများမှ သယ်ယူနိုင်ခြင်းမရှိသေးသည့် သစ်လုံးကြီးများ၊ သစ်လုံးကြီးများထုတ်ယူရာတွင် ဖြတ်တောက် ထားသည့် ဖြတ်စများသည် တောင်ကျရေစီးကြောင်းများနှင့်အတူ မျောပါတိုက်စား ခဲ့သဖြင့် ထိခိုက်ပျက်စီးမှု ပိုမိုများပြားခဲ့ရခြင်းဖြစ်သည်ကို တွေ့မြင်ရကြောင်း။
- ရာသီဥတုနှင့်ပတ်သက်၍ မျှော်မှန်းထားသည်ထက် ပိုမိုအချိန်တိုလျှင်မြန်စွာ ဖြစ်ပွားခဲ့ခြင်း ကြောင့်လည်း ထိခိုက်ပျက်စီးမှုများ ပိုမိုများပြားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်း စာယူ၍ တံတားများတည်ဆောက်ရာတွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေး အတွက် စနစ်တကျထည့်သွင်းတွက်ချက်သွားရန်လိုကြောင်း။
- ဆည်/မြောင်းများနှင့်ပတ်သက်၍လည်း ဆည်များအတွင်း သဲနုန်းများ ရေစီးကြောင်းအတိုင်း တဖြည်းဖြည်းစီးဆင်းဝင်ရောက်လာပြီး ဆည်များကောခြင်း၊ အောက်ခြေမျက်နှာပြင်တက် လာခြင်းများကို အမြဲမပြတ်ဖယ်ထုတ်ဆောင်ရွက်နေရန်လိုကြောင်း။
- မြစ်ချောင်းများအတွင်း သဲနုန်းများအနည်ကျမှု များပြားလာခြင်းသည် မြစ်ချောင်းကြမ်းခင်း (Bed Level) မြင့်တက်လာပြီး ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေပြီး ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် သံလွင်မြစ်တို့တွင် ရွှေတူးဖော်ခြင်း၊ ကျောက်တူးဖော်ခြင်းတို့ကြောင့် မြစ်အောက်ပိုင်းများတွင် နုန်းပို့ချမှုများလာခြင်းတို့ကြောင့် မြစ်ချောင်းများတစ်လျှောက်ကို လည်း အရေးကြီးသည့် အစိတ်အပိုင်းအလိုက် သောင်တူးခြင်းများ ဆောင်ရွက်ရန်လိုကြောင်း။
- မြို့ရွာများ၊ လမ်းကြောင်းများ၌ ရေထွက်စနစ်များ ကောင်းမွန်မှုမရှိခြင်း၊ ရေနုတ်မြောင်း စနစ်များ ကောင်းမွန်မှုမရှိခြင်းကြောင့်လည်း ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ရေထုတ်စနစ်များ ကောင်းမွန်စေရေး ပြန်လည် ပြင်ဆင်ဆောင်ရွက်သွားရန်လိုသကဲ့သို့ လမ်း၊ တံတား၊ ဆည်၊ မြောင်းများ၏ ရေထွက်စနစ် များကို နှစ်စဉ်စစ်ဆေးပြုပြင်ထိန်းသိမ်းမှု (Maintenance) မပျက်မကွက် ပြုလုပ်ရန်လို ကြောင်း။
- ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများဆောင်ရွက်ပေးသွားရန်လိုပြီး ရေကြီး ရေလျှံမှုများဖြစ်ပေါ်ချိန်၌ လူနေအိမ်များ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်သူများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
- ရေဘေးဒုက္ခသည်စခန်းများရှိ ပြည်သူများ စားသောက်ရေးအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- လက်ရှိအချိန်တွင် ပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ပြတ် တောက်မှုမရှိစေရေးအတွက် ထိခိုက်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများ ပြန်လည်ဖွင့်လှစ် နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန်လိုပြီး ပျက်စီးသွားသည့် တံတားများတွင် ယာယီဘေလီ တံတားများကို ဦးစားပေးဆောက်လုပ်သွားရန်လိုကြောင်း။
- အကြောင်းအမျိုးမျိုးကြောင့် ရေဘေးရှောင်စုရပ်များသို့ ယာယီခေါ်ဆောင်ထားသည့် ပြည်သူ များကိုလည်း ၎င်းတို့၏ နေရပ်သို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် လိုကြောင်း။
- ရေဝင်နစ်မြုပ်ခဲ့သည့် ရပ်ကွက်ကျေးရွာများအတွင်း သန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန်လိုပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ စက်ယန္တရားများနှင့် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
- သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအနေဖြင့် နောက်ဆုံးကောက်ယူရရှိ ထားသည့် စာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့် မျောပါသူ ၁၂ ဦး၊ ဒဏ်ရာရရှိသူ ၄၇ ဦး၊ လူနေအိမ် ၁,၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း၊ ရေဝင်နစ်မြုပ်မှုမှာ ၁၅၈,၃၄၃ လုံး ဖြစ်ကာ ယာယီဒုက္ခသည် စခန်းများတွင် ၁၆၃,၅၇၃ ဦးရောက်ရှိနေပြီး ဆွေမျိုးများအိမ်တွင် သွားရောက်နေထိုင်သူ ၂၃၄,၅၃၅ ဦးရှိကြောင်း။
- ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်သည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့် သင်ခန်းစာတစ်ခုဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် တိုင်းစစ်ဌာနချုပ်များအားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက-
- တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့မှုအခြေ အနေများနှင့် မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်း၊ လမ်းတံတားများ၊ တာတမံများထိခိုက် ပျက်စီး ခြင်း၊ ကမ်းပြိုခြင်းများ ဖြစ်ပေါ်ခဲ့မှုအခြေအနေများ။
- သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများရှိ ရေးဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များဖြင့် ကူညီကယ်ဆယ်ခဲ့မှု၊ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီ ရောက်ရှိရေးနှင့် ကယ်ရေးစခန်းများ ဖွင့်လှစ်စောင့်ရှောက်နေမှုအခြေအနေများ။
- နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးစီမံဆောင်ရွက်နေမှုနှင့် ရေကျသွားသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အဖွဲ့များဖြင့် မြေပြင် ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများ။
- ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ ကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးပစ္စည်းများ ဖြန့်ခွဲဆောင်ရွက်ထားမှု၊ သဘာဝဘေးဒဏ်ကြောင့် ကျေးလက်လမ်းနှင့် တံတားများပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေလုံလောက်စွာရရှိရေးဆောင်ရွက်နေမှုအခြေအနေများ။
- ရေကြီးရေလျှံမှုများကြောင့် မီးရထားလမ်းများနှင့် တံတားများပျက်စီးခဲ့မှုအခြေအနေများနှင့် ပြန်လည်ပြင်ဆင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိမှု၊ လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲ လျက်ရှိမှုအခြေအနေများ။
- AHA Center နှင့် အိန္ဒိယနိုင်ငံမှ ပေးပို့သည့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရောက်ရှိ မှုနှင့် လွှဲပြောင်းပေးအပ်မှု၊ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ကောင်းမွန်ရေးဆောင်ရွက် ပေး လျက်ရှိမှုအခြေအနေများ။
- ရာသီဥတုနှင့်သက်ဆိုင်သည့် သတိပေးချက်များအား သဘာဝဘေးအန္တရာယ်ကျ ရောက်နိုင် သည့် ဒေသရှိပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး Short Message များဖြင့် ပေးပို့၍ ဆောင်ရွက်မည်ဆိုပါက ထိခိုက်မှုများကို လျှော့ချနိုင်မှု၊ နိုင်ငံတကာမှ အကူအညီများ ပေးအပ်မှု၊ ထောက်ပံ့ရေးပစ္စည်းများအား လေယာဉ်များ၊ သင်္ဘောများဖြင့် ပေးပို့လျက်ရှိမှုနှင့် ကမ်းလှမ်းလာမှုအခြေအနေများ။
- တပ်မတော်မှ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများမှ ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြခဲ့။
သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်း ဆက်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေမည့်အရာများကို အမြန်ဆုံးရှင်းလင်းရန်လိုပြီး အလှူငွေများ လက်ခံရာတွင်လည်း ကော်မတီအနေဖြင့် စနစ်တကျ စီမံခန့်ခွဲရန်လိုကြောင်း။
- လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ကို အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ရန်လိုပြီး မိုးလေဝသသတင်းများကိုလည်း ပြည်သူများရှင်းလင်းစွာဖြင့် အချိန်တိုအတွင်း နားလည်မှုလွယ်ကူစေရေး ထုတ်ပြန် ဆောင်ရွက်ရန်လိုကြောင်း။
- သစ်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် မိုးမကျမီအချိန်အတွင်း ခုတ်ယူထားသည့် သစ် များကို သစ်ကွင်းများ၌ ကျန်ရှိမှုမရှိစေရေး သတ်မှတ်သစ်ဆိပ်နေရာများသို့ သယ်ဆောင် ထားရန်လိုပြီး တရားမဝင်သစ်ထုတ်လုပ်မှုများ မရှိစရေး ပူးပေါင်းအဖွဲ့များဖြင့် တားမြစ်ရန် လိုကြောင်း။
- သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ဆ၍ လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုပြီး ပျက်စီးသွားသည့် သီးနှံများပြန်လည်စိုက်ပျိုးရာတွင်လည်း စနစ်တကျဖြင့် ပြန်လည်စိုက်ပျိုး သွားရန်လိုကြောင်း။
- လိုအပ်သည့် စိုက်ပျိုးရေးထောက်ပံ့ငွေများနှင့် စိုက်ပျိုးရေးချေးငွေများ ပေးအပ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားရန်လိုပြီး ကုန်စည်စီးဆင်းမှုများ ကောင်းမွန်ချောမွေ့စေရေး အတွက်လည်း မီးရထားလမ်းများ ပြန်လည်ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်သွားရန် လိုကြောင်း။
- မိမိတို့အနေဖြင့် လာမည့် အောက်တိုဘာလ ၁ ရက် နေ့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်တော့မည်ဖြစ်သဖြင့် ကူညီ ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား ၎င်းတို့၏ နေရပ်များတွင် အတတ်နိုင်ဆုံး အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
- ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပျက်စီးမှုအနည်း၊ အများအလိုက် ဦးစားပေးအဆင့် သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန်နှင့် အချိန်အကြာဆုံး ၆ လတာ ကာလအတွင်း ပြီးစီးစေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
- ပိတ်ထားရသည့် ကျောင်းများကိုလည်း အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရ မည်ဖြစ်သကဲ့သို့ ကျောင်းပိတ်ရက်အလွန်များပြားသွားမည်ဆိုပါက နွေရာသီတွင် ပြန်လည် သင်ကြားပေးနိုင်ရေး စီမံသွားရန်လိုကြောင်း။
- ယနေ့တင်ပြချက်များအား Check List ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆောင် ရွက်ရန်ကျန်လုပ်ငန်းများကို အမြဲမပြတ်စိစစ်၍ လုပ်ငန်းတိုးတက်မှုများကို တာဝန်ရှိသူ များက စစ်ဆေးဆောင်ရွက်သွားရန်နှင့် တင်ပြသွားရန်လိုကြောင်းဖြင့် မှာကြားခဲ့။
အဆိုပါအစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ကောင်စီဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ ( မြဝတီသတင်းစာ ၁၈-၉-၂၀၂၄)
- တိုင်ဖွန်းမုန်တိုင်းရာဂိ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကို သတိပေးထုတ်ပြန်မှုများ ဆောင်ရွက်ခဲ့သော်လည်း ယခုအတိုင်းအတာအထိ အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းမည်ဟု မှန်းဆမှုမရှိခဲ့။
- သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍မရသော်လည်း တတ်နိုင်သမျှ ထိခိုက်မှု လျော့နည်း အောင်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး ယခုဖြစ် စဉ်သည် ထိခိုက်မှုအကြီးမားဆုံးဖြစ်နိုင်သဖြင့် ရယူရမည့် သင်ခန်းစာများနှင့် ပြင်ဆင်ရမည်များ များစွာရှိ။
- မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများ ထိခိုက်ပျက်စီးခဲ့မှု အပေါ် သင်ခန်း စာယူ၍ တံတားများတည်ဆောက်ရာတွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေး အတွက် စနစ်တကျထည့်သွင်းတွက်ချက်သွားရန်လို။
- မြို့ရွာများ၊ လမ်းကြောင်းများ၌ ရေထွက်စနစ်များ ကောင်းမွန်မှုမရှိခြင်း၊ ရေနုတ်မြောင်း စနစ် များ ကောင်းမွန်မှုမရှိခြင်းကြောင့်လည်း ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သဖြင့် သက် ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ရေထုတ်စနစ်များ ကောင်းမွန်စေရေး ပြန်လည်ပြင်ဆင် ဆောင် ရွက်သွားရန်လိုသကဲ့သို့ လမ်း၊ တံတား၊ ဆည်၊ မြောင်းများ၏ ရေထွက်စနစ်များကို နှစ်စဉ် စစ်ဆေးပြုပြင်ထိန်းသိမ်းမှု (Maintenance) မပျက်မကွက် ပြုလုပ်ရန်လို။
- သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန်လိုပြီး ရေကြီး ရေလျှံမှုများဖြစ်ပေါ်ချိန်၌ လူနေအိမ်များ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်သူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။
- သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေ နောက်ဆုံးကောက်ယူရရှိထားသည့် စာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေအပါဝင်ပြည်နယ် ၄ ခုနှင့် တိုင်းဒေသကြီး ၄ ခု တို့ တွင် ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့် မျောပါသူ ၁၂ ဦး၊ ဒဏ်ရာရရှိသူ ၄၇ ဦး၊ လူနေအိမ် ၁,၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး ၁၅၈,၃၄၃ လုံး ရေဝင်နစ်မြုပ်ကာ ယာယီဒုက္ခသည်စခန်းများတွင် ၁၆၃,၅၇၃ ဦးရောက်ရှိနေပြီး ဆွေမျိုးများ အိမ်တွင် သွားရောက်နေထိုင်သူ ၂၃၄,၅၃၅ ဦးရှိ။
- ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင် ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် တိုင်းစစ်ဌာနချုပ်များအားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်လို။
- လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ကို အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ရန်လိုပြီး မိုးလေဝသသတင်းများကိုလည်း ပြည်သူများ ရှင်းလင်းစွာဖြင့် အချိန်တိုအတွင်း နားလည်မှုလွယ်ကူစေရေး ထုတ်ပြန် ဆောင်ရွက်ရန်လို။
- ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပျက်စီးမှုအနည်း အများအလိုက် ဦးစားပေးအဆင့် သတ် မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန်နှင့် အချိန်အကြာဆုံး ၆ လတာ ကာလအတွင်း ပြီးစီးစေရေး ဆောင်ရွက်သွားရန်လို။
- ယနေ့တင်ပြချက်များအား Check List ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆောင် ရွက်ရန်ကျန်လုပ်ငန်းများကို အမြဲမပြတ်စိစစ်၍ လုပ်ငန်းတိုးတက်မှုများကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သွားရန်နှင့် တင်ပြသွားရန်လို။
Add new comment