မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနှင့် သာစည်-ရွှေညောင် ရထားလမ်းပိုင်းတို့တွင် ပြေးဆွဲနေသည့်် ရထားခရီးစဉ်များကို စက်တင်ဘာလ ၁၁ ရက်မှစတင်၍ ယာယီရပ်နားခဲ့ရပါသည်-
- ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း သာစည်မြို့နယ်၊ ရှမ်းရွာဘူတာယာဒ်ဝင်းနှင့် ရှမ်း ရွာ-ပျော်ဘွယ်လမ်းပိုင်းအတွင်း ခုနစ်နေရာတို့တွင် သံလမ်းပေါ်ရေကျော်ခြင်းနှင့် ရထားလမ်း တာပေါင်ထူးပေါက်ခြင်း၊ ရှမ်းရွာနှင့် ရမည်းသင်းဘူတာအကြား ရှစ်နေရာတို့၌ ရထားလမ်း ရေတိုက်စားခြင်း၊ တံတားအမှတ် (၅၂၉) ဒေါက်တိုင်ပြတ်ထွက်ခြင်းနှင့် မန္တလေးဘက်ခြမ်း တံတားရေတိုက်စားခြင်း၊ တပ်ကုန်း-မကျည်းပင်ဘူတာအကြား၊ မကျည်းပင်-ညောင်လွန့် ဘူတာအကြားနှင့် ညောင်လွန့်ဘူတာယာဒ်ဝင်းအတွင်း ရထားလမ်းပေါ် ရေကျော်နေခြင်း၊ ရမည်းသင်း-အင်ကြင်းကန်ဘူတာအကြား ရထားလမ်းတာပေါင် ထူးပေါက်ခြင်းတို့ဖြစ်ပေါ်ခဲ့။
- သာစည်-ရွှေညောင်လမ်းပိုင်းအတွင်း သာစည်-လှိုင်းတက်ဘူတာအကြား၊ လှိုင်းတက်-ဘုရား ငါးဆူဘူတာအကြား တံတားတာပေါင်များ ရေတိုက်စားခြင်း၊ ဘုရားငါးဆူ-ယင်းမာပင်ဘူတာ အကြား ရထားလမ်းတာပေါင်အား ရေတိုက်စားနေခြင်း၊ ကလော-မြင်းဒိုက် ဘူတာအကြား ခြောက်နေရာတွင် ရထားသံလမ်းပေါ်ရေကျော်နေခြင်း၊ ထီသိမ်-ပေါမူဘူတာအကြား တောင်ကြီး မြို့သို့ ရေပေးဝေသည့် ထီသိမ်ကန်မှ ရေများလျှံပြီး ရထားလမ်းတူးမြောင်း တာပေါင်ရေတိုက် စားမှုကြောင့် တာပေါင်ပြိုကျပြီး ရထားလမ်းပိတ်ဆို့ခြင်းတို့ ဖြစ်ပေါ်ခဲ့။
ရထားလမ်းပိုင်းပိတ်သိမ်းမှုကြောင့် ရန်ကုန်မှ ထွက်ခွာလာသည့် အမှတ်(၁၁)အဆန်ရထားဖြင့် လိုက်ပါလာသည့် ခရီးသည် ၁၁၈ ဦးအား နေပြည်တော်ဘူတာမှတစ်ဆင့် မန္တလေးသို့ မော်တော်ယာဉ် သုံးစီးဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း၊ ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် တံတားများ ရေထိုးမှုများဖြစ်ပေါ်လျက်ရှိပြီး ရေကျသွားသည့်အချိန်တွင် တာဝန်ရှိသူများက ရထားလမ်းမြေသား တာပေါင်နှင့် တံတားများအား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး ကြံ့ခိုင်ရေးလုပ်ငန်းများအား ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရထားလမ်းပိုင်းနှင့် တံတားများ စစ်ဆေးပြုပြင်ပြီးပါက ရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၉-၂၀၂၄)
- ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနှင့် သာစည်-ရွှေညောင် ရထားလမ်းပိုင်းတို့တွင် ရေကြီးရေကျော် နေသဖြင့် ရထားခရီးစဉ်များကို စက်တင်ဘာလ ၁၁ ရက်မှစတင်၍ ယာယီရပ်နားခဲ့။
- ရထားလမ်းပိုင်းအတွင်း ရေကျသွားသည့်အချိန်တွင် ရထားလမ်းပိုင်းနှင့် တံတားများ စစ်ဆေး ပြုပြင်ပြီးပါက ရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်။
Add new comment