နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့် ပတ်သက်၍ ပြောကြားခဲ့သည့် ကောက်နုတ်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စက်တင်ဘာလ ၁၅ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း ရာဂိနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွား ခဲ့သော မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့် ကူညီကယ် ဆယ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည့် ကောက်နုတ်ချက်များမှာ-

  • မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိ အားနည်းရပ်ဝန်းနှင့်ပတ်သက်ပြီး သတိပေးချက်တွေကို ဩဂုတ်လ ၂၉ ရက်တွင်လည်းကောင်း၊ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်း ရာဂိ၏အရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုနိုင် မှုအခြေအနေတွေကို စက်တင်ဘာလ ၉ ရက်တွင်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် သတိပေး လှုံ့ဆော်ခဲ့ကြောင်း။
  • စက်တင်ဘာလ ၉ ရက်တွင် တပ်ကုန်းနှင့် နေပြည်တော်တစ်ဝိုက်တွင် မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့ပြီး ချောင်းများ ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကျေးရွာများ၊ လူနေရပ်ကွက်များ ရေကြီးမှုတွေ၊ အိမ်ခြေ၊ လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၅၆ မြို့နယ်တို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း။
  • စက်တင်ဘာလ ၁၄ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် ရွှေ့ပြောင်း ခဲ့ရသည့်နေအိမ် ၇၂,၉၀၀ ကျော်မှ အိမ်ထောင်စုပေါင်း ၇၈,၀၀၀ ကျော်၊ လူဦးရေ ၃၂၀,၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ပြီး သေဆုံးသူ ၁၁၃ ဦး၊  ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိ၍ ပျောက်ဆုံးသူများကို ကြိုးစားရှာဖွေလျက် ရှိကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဝန်ကြီးများက သဘာဝ ဘေးဒဏ်သင့်ဒေသများကို ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း ၂၄ နာရီ အရေးပေါ်ဖွင့်လှစ်၍ အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိသည့်အပြင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့များ၊ NGO အဖွဲ့များ၊ စေတနာရှင် ပြည်သူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။
  • ပြည်ဖျက်မီဒီယာများနှင့် မြန်မာနိုင်ငံအပေါ် ဖျက်လိုဖျက်ဆီးလုပ်နေသူများက နိုင်ငံတော် အစိုးရ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မှေးမှိန်အောင် နည်းအမျိုးမျိုးဖြင့် ကောလာ ဟလများ ထုတ်လွှင့်လျက်ရှိရာ ဥပမာအားဖြင့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် ရေဘေးကြောင့် လူ ၇၀၀ ခန့်သေဆုံးဟူ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်အောင်ဆောင်ရွက်နေ သည့်ဖြစ်စဉ်သည် ၈ ဦးသာသေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူအချို့အား ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း။
  • စက်တင်ဘာလ ၁၄ ရက်တွင် တောင်ငူဒေသ ဇရပ်ကြီးအနောက်ဘက်ရွာများကို ရွှေ့ပြောင်း ကယ်ထုတ်စဉ်မှာ ကယ်ဆယ်ရေးအဖွဲ့ထဲတွင်ပါသော တပ်မတော်သားတစ်ဦး၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တစ်ဦး ရေစီးထဲမျောပါပျောက်ဆုံးခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများမှာ သက်စွန့် ဆံဖျားပါဝင်သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအပါအဝင် Volunteer ပြည်သူလူထုကူညီကယ်ဆယ်ရေးအဖွဲ့အားလုံးကို အသိအမှတ်ပြုကြောင်း။
  • လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကူညီကယ် ဆယ်ရေးနောက်ဆက်တွဲလုပ်ငန်းများအဖြစ် ဆန်၊ ရိက္ခာဖိုးများအတွက် သတ်မှတ်ငွေနှုန်းထား များအား ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူ များကိုလည်း ငွေကြေးထောက်ပံ့ပေးမည်ဖြစ်သည့်အပြင် အိမ်ဆုံးရှုံးသူများကို စာရင်းကောက် ယူပြီး အိမ်ပျက်စီးမှုရာခိုင်နှုန်းအပေါ် မူတည်၍ သတ်မှတ်နှုန်းထားများအတိုင်း ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း။
  • ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ချိန်၌ စားသောက်မှုအတွက် စားသောက် ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကူညီကယ်ဆယ် ရေးလုပ်ငန်းစဉ်များအတွက် Volunteer အလှူငွေများဖြင့် ကူညီထောက်ပံ့နေမှုများကို တွေ့ နေရသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း။

သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံ၏ ပျက်ရာပျက်ကြောင်းကို ဆောင်ရွက်နေသူများက မြန်မာနိုင်ငံအကျိုးကို မည်သို့မျှ လုပ်ဆောင်ပေးနိုင်မည်မဟုတ်သဖြင့် မိမိတို့၏ စုစည်းအားကို ပြသရန်လိုပြီး ပြည်တွင်းပေါင်းစည်းအားဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၄)

  • စက်တင်ဘာလ ၁၄ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် ရွှေ့ပြောင်း ခဲ့ရသည့်နေအိမ် ၇၂,၉၀၀ ကျော်မှ အိမ်ထောင်စုပေါင်း ၇၈,၀၀၀ ကျော်၊ လူဦးရေ ၃၂၀,၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ပြီး သေဆုံးသူ ၁၁၃ ဦး၊  ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဝန်ကြီးများက သဘာဝ ဘေးဒဏ်သင့်ဒေသများကို ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း ၂၄ နာရီ အရေးပေါ်ဖွင့်လှစ်၍ အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိ။
  • ပြည်ဖျက်မီဒီယာများနှင့် မြန်မာနိုင်ငံအပေါ် ဖျက်လိုဖျက်ဆီးလုပ်နေသူများက နိုင်ငံတော်အစိုးရ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မှေးမှိန်အောင် နည်းအမျိုးမျိုးဖြင့် ကောလာဟလများ ထုတ်လွှင့်လျက်ရှိ။
  • လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်၊ ရိက္ခာဖိုး များအတွက် သတ်မှတ်ငွေနှုန်းထားများအား ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ပျက်စီးမှုရာခိုင်နှုန်းအပေါ် မူတည်၍ သတ်မှတ် နှုန်းထားများအတိုင်း ထောက်ပံ့ပေးသွားမည်ဖြစ်။
  • သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံ၏ ပျက်ရာပျက်ကြောင်းကို ဆောင် ရွက်နေသူများက မြန်မာနိုင်ငံအကျိုးကို မည်သို့မျှ လုပ်ဆောင်ပေးနိုင်မည်မဟုတ်သဖြင့် မိမိတို့၏ စုစည်းအားကို ပြသရန်လိုပြီး ပြည်တွင်းပေါင်းစည်းအားဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်။

Add new comment