အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စက်တင် ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ပံ့ပိုးလှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်များအတွက် တရုတ်ယွမ်ငွေ ၅၀,၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၇,၀၃၀ စီကို ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် ဒုတိယ ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Ms.Ma Jia ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၉-၂၀၂၄)
- တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်များအတွက် တရုတ် ယွမ်ငွေ ၅၀,၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၇,၀၃၀ စီကို ပေးအပ်လှူဒါန်းခဲ့။
Add new comment