၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲကို စက်တင်ဘာလ ၁၂ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က-

  • ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကောက်ကွက်ပေါင်း ၁၄၀၀၀ ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် ၅၄၀၀ ကျော်ဖြင့် ကောက်ယူရန်လျာထားကြောင်း။
  • ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက်မေးခွန်း ၁၈ ခုဖြင့် တစ်အိမ်တက်ဆင်းကောက်ယူမည် ဖြစ်သဖြင့် သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကို သိရှိနားလည်ထားကြရန်လည်း လိုကြောင်း။
  • သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတော်၏လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မည့် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အချက်အလက်မှန်ကန်ရေးသည် အဓိက ကျကြောင်း။
  • သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ အောင် မြင်နိုင်မည့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်နှင့်အညီ အားလုံးက တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့။

ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ပုသိမ်ခရိုင် သန်းခေါင်စာရင်း ဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းသို့သွားရောက်၍ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ မေးခွန်း များနှင့် ပတ်သက်သည့် သင်ခန်းစာများဆွေးနွေးပို့ချနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁၃-၉-၂၀၂၄)

  • ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကောက်ကွက်ပေါင်း ၁၄၀၀၀ ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် ၅၄၀၀ ကျော်ဖြင့် ကောက်ယူရန်လျာထား။
  • သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတော်၏လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မည့် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အသုံးပြုဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် အချက်အလက်မှန်ကန်ရေးသည် အဓိကကျ။
  • သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင် နိုင်မည့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်နှင့်အညီ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လို။

 

Add new comment