မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် မြို့နယ်များတွင် တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်နှင့် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာပြည်အနှံ့အပြားတွင် စက်တင်ဘာလ ၈ ရက်မှစ၍ စက်တင်ဘာလ ၁၄ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်းစသည့်တို့ ဖြစ်ပွားခဲ့ပါသည်။

  • နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေ ချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများ အဆက်မပြတ် မြင့်တက်မှုကြောင့် တပ်ကုန်း မြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများ တွင် ရေကြီးရေလျှံခြင်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အချို့နေရာများတွင် ရေကျော်ခြင်းများ ဖြစ်ပေါ်ခဲ့။
  • ဘောဂသီရိကားဝင်းအနီး၊ ပင်လောင်းလမ်းဆုံ၊ ပျဉ်းမနားရွှေချီရပ်ကွက်၊ အေးမြင့်သာယာ ကျေးရွာ၊ ဘဲကုန်းကျေးရွာ၊ကျောက်ချက်ကျေးရွာ၊ အိုင်ဇောက်ကျေးရွာ၊ သပြေပင်ကျေးရွာ၊ ရှားစေးဖိုကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ကြံဖိုစုကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများကိုလည်း ရေဘေးလွတ်ရာ လောကချမ်းသာဘုရားဝန်းသို့လည်းကောင်း၊ နယ်မြေခံတပ်မတော် တပ်ရင်း တပ်ဖွဲ့များတွင် ဖွင့်လှစ်ထားရှိသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့လည်းကောင်း၊ တပ်မတော်သားများက ကူညီရွှေ့ပြောင်းပေးခဲ့ပြီး အုပ်ချုပ်မှုကိစ္စများနှင့် စားရေးအဆင်ပြေ စေရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့။
  • နေပြည်တော်ကောင်စီနယ်မြေအတွင်း လတ်တလောတွင် ရေဘေးသင့်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ စု၊ အိမ်ထောင်စုပေါင်း ၁၆၃၇၃ စုတို့မှ လူဦးရေ ၇၄၂၉၅ ဦးတို့ကို သက်ဆိုင်ရာမြို့နယ်အလိုက်ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၂၆ ခု၌ ကူညီကယ် ဆယ်ရေးနေရာချထားပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ။
  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်  သွားကားလမ်း၊ ရေကျော်မှုဖြစ်ပွား မှုကြောင့် ယာဉ်များပိတ်ဆို့မှုဖြစ်ပေါ်ခြင်းနှင့်  ကဒတ်ချောင်းရေမြင့်တက်လာကာ ကျိုက်ထိုမြို့၊ ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေအိမ်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိ။
  • ပျော်ဘွယ်မြို့ရှိ ရန်ကုန်-မန္တလေး မီးရထားသံလမ်းအကြား၊ အမှတ်(၁)သံလမ်းပေါ်ရှိ သံဘောင် တံတားထောက်တိုင်မှာ ရေတိုက်စားမှုကြောင့် ပြုတ်ထွက်သွားသဖြင့် မီးရထားလိုင်းများ ပြေးဆွဲခြင်းကို ယာယီရပ်နားလျက်ရှိ။
  • ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် ရွှေညောင်မြို့၊ ဗထူးတပ်မြို့၊ ရပ်စောက်မြို့၊ ကျိုင်းခမ်းမြို့၊ အောင်ပန်းမြို့၊ ကလောမြို့နှင့် နမ့်စန်မြို့တို့တွင် ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာစာသင်ကျောင်းအချို့ ယာယီပိတ်ထားလျက်ရှိ။
  • ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် တောင်ငူမြို့အပါအဝင် အခြားမြို့နယ်များရှိ ရေဘေးသင့် ပြည်သူများအား သက်ဆိုင်ရာနယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတလူမှုရေးအသင်းများက ရေဘေးလွတ်ကင်းရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့။
  • မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ရှိ ရန်ကုန်-မန္တလေး ရထားလမ်း အမှတ်(၁) သံကူကွန် ကရစ်တံတား၊ ရန်ကုန်-မန္တလေးကားလမ်း (ဟောင်း) တံတားအမှတ် ၁/၂၉၁ သံကူကွန်ကရစ် တံတား၊ သာစည်မြို့ရှိ စမုံရေထိန်းတမံ၊ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းနှင့် ကြပ်စခန်း ကျေးရွာအနီးတို့၌လည်းကောင်း၊ ရမည်းသင်းမြို့နယ်ရှိ သမိုင်းဝင် ရွှေမြင်တင်စေတီတော်နှင့် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပြိုကျပျက်စီးခဲ့သည့်နေရာများအား လည်းကောင်း နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များနှင့်အတူ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီကယ်မှုများ ဆောင်ရွက်ပေးလျက်ရှိ။
  • သက်ဆိုင်ရာတာဝန်ရှိသူများက ရေကြီးရေလျှံဖြစ်ပေါ်နေသည့် လယ်ဝေးမြို့နယ်၊ နနွင်းအိုင်ကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ အောင်သပြေကျေးရွာ၊ ကြို့တန်းကျေးရွာ၊ သရက်ချောင်းကျေးရွာ၊ လက်ပံ တန်းကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာများသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်၊ ရမည်းသင်းမြို့နယ်တို့၌ လိုအပ်သည့် ကူညီကယ် ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံ ဝေငှပေးခြင်းများအပြင် ရေများပြန်လည် ကျဆင်းသွားသည့် နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊ သစ်ပင်သစ်ကိုင်းများအား ဖယ်ရှား ပေးခြင်း အပါအဝင် ကူညီကယ်ဆယ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိ။
  • နေပြည်တော်ကောင်စီနယ်မြေရှိ သိုက်ချောင်းတံတားနှင့် နဝင်းချောင်းတံတားတို့ကို သံဘောင် ဘေလီ အစားထိုးပြုပြင်ဆောင်ရွက်ခြင်းများအပြင် ချဉ်းကပ်လမ်းပျက်စီးသွားသော နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုပ္ပါး ကုန်းတံတား(ဆင်သေချောင်းကူး)နှင့် သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) တံတား -၂ စင်းတို့အား ယာယီဘေလီတံတား အစားထိုးခြင်းကို အင်တိုက်အားတိုက် ပြုပြင်ဆောင်ရွက်ခဲ့ရာ ယာဉ်ငယ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေ့စဉ်သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများပေးအပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် အဆိုပါနေရာများသို့ ဒေသအလိုက် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့် လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးနှိုးဆော် ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၄)

  • မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် ကျိုက်ထိုမြို့၊ ပျော်ဘွယ်မြို့၊ ဟိုပုံးမြို့၊ ရွှေညောင်မြို့၊ ဗထူးတပ်မြို့၊ ရပ်စောက်မြို့၊ ကျိုင်းခမ်းမြို့၊ အောင်ပန်းမြို့၊ ကလောမြို့၊ နမ့်စန်မြို့၊ ပဲခူးမြို့၊ တောင်ငူမြို့၊ ရမည်းသင်းမြို့နှင့် ညောင်ဦးမြို့တို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ် လျက်ရှိသည့် နေရာများသို့  ဒေသအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေး လျက်ရှိပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့။
  • သက်ဆိုင်ရာတာဝန်ရှိသူများက ရေများပြန်လည် ကျဆင်းသွားသည့် နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊ သစ်ပင်        သစ်ကိုင်းများအား ဖယ်ရှားပေးခြင်း အပါအဝင် ကူညီကယ်ဆယ်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိ။
  • နေပြည်တော်ကောင်စီနယ်မြေရှိ သိုက်ချောင်းတံတားနှင့် နဝင်းချောင်းတံတားတို့ကို သံဘောင် ဘေလီ အစားထိုးပြုပြင်ဆောင်ရွက်ခြင်းများအပြင် ချဉ်းကပ်လမ်းပျက်စီးသွားသော နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုပ္ပါးကုန်းတံတားနှင့် သိုက်ချောင်းတံတား ၂ စင်းတို့အား ယာယီဘေလီတံတား အစားထိုးခြင်းကို အင်တိုက် အားတိုက် ပြုပြင်ဆောင်ရွက်ခဲ့ရာ ယာဉ်ငယ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်။

Add new comment