စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိ မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြည်ထောင် စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းရှိ ဆရာတော်၊ သံဃာတော်ကြီးများနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း ၃၃ ကျောင်း စုစုပေါင်း ၅၅ ကျောင်းအား ဝတ္ထုငွေကျပ် ၄၄ သိန်း၊ သင်္ကန်း၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား လည်းကောင်း၊ ရေဘေးသင့်ဒေသခံပြည်သူ ၅၂၃ ဦးအား ဓမ္မလက်ဆောင်များနှင့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော်အဆူ ၂၇၀ ပေးအပ်လှူဒါန်းပြီး စားသောက်ဖွယ်ရာများ၊ အဝတ်အထည် များအား လှူဒါန်းခဲ့။
- သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တပ်ကုန်း မြို့နယ်အတွင်းရှိ ယာယီရေဘေးကာကွယ်ရေးစခန်းရှစ်ခုရှိလူဦးရေ ၇,၈၃၇ ဦး တို့အတွက် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၈၇ ဒသမ ၆၅၅ သိန်း တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ လူသုံး ကုန်ပစ္စည်းများ၊ အဖုံးပါ ပလတ်စတစ်ရေပုံး၊ တာပေါ်လင်စနှင့် ကြိုးခွေများ၊ အဝတ်အထည် အစုံ ၃၀၀ နှင့် ဖိနပ် ၇၃၃ ရန်တို့အားလည်းကောင်း၊ ပျဉ်းမနားမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ များအတွက် ငွေကျပ် ၆၆ ဒသမ ၄၅ သိန်းတန်ဖိုးရှိ ဆန်အိတ် ၆၀၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကိုလည်းကောင်း၊ လယ်ဝေး မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို ငွေကျပ် ၈၄ ဒသမ ၁၃ သိန်းတန်ဖိုးရှိ ဆန်အိတ် ၄၇ အိတ်နှင့် ဆီအပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိ သူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့။
- ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့် အတူ တပ်ကုန်းမြို့နယ် သူဌေးကုန်းရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ရေဘေး ဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဆရာ၊ ဆရာမများနှင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေး ဒုက္ခသည်များအား ထောက်ပံ့ငွေများ၊ ရေသန့်ဘူးနှင့် ခေါက်ဆွဲခြောက်ထုပ်များပေးအပ်ခဲ့။
- ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ တပ်ကုန်းမြို့နယ် အထက(၁)၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း များရှိ ရေဘေးသင့်ပြည်သူ ၄,၅၂၅ ဦးတို့အား Emergency Medical Kit များ၊ ရေသန့် ဆေးပြားများ၊ ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများထောက်ပံ့ပေးအပ်ခဲ့။
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်တူ နေပြည်တော်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အိမ်ထောင်စု ၁၅,၀၀၀ ကျော်၊ လူဦးရေ ၆၇,၀၀၀ ကျော် ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံကာ စားနပ်ရိက္ခာများအားလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့ နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ယာယီရေဘေးရှောင်ပြည်သူများအား စုစုပေါင်းတန်ဖိုး ငွေကျပ် ၄၇ ဒသမ ၉၀၈ သိန်းတန်ဖိုးရှိ ဆန်ရိက္ခာဖိုးနှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ လှူဒါန်းခဲ့။
- ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဒေါနိုးကူး၊ မင်းစု၊ နမ့်ကွတ်နှင့် ရှမ်းစုရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ နှင့် ထောက်ပံ့ငွေ ကျပ် ၁,၃၄၁,၉၀၀ တို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့။
- နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့။
- ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ကိုးခန်းကြီးဓမ္မာရုံ နှင့် လှေခွင်းတောင်သာသနိက အဆောက်အဦများ၌ ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်ယာယီ ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငပိများနှင့် ထမင်းထုပ်များ ပေးအပ်လှူဒါန်းခဲ့။
- မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို အဝတ်အထည်နှင့် လူသုံးကုန် ပစ္စည်းများ၊ ရေသန့်နှင့် အစားအစာများအား ထောက်ပံ့လှူဒါန်းခဲ့။
- ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် စားသောက်ရေးအခက်အခဲမရှိစေရေးအတွက် ထမင်းဘူးများ၊ ရေသန့်များနှင့် အခြားစားသောက်ဖွယ်ရာများကို လိုက်လံဝေငှပေးလျက်ရှိ။
- စေတနာရှင်ပြည်သူများက ငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နှင့် ဆေးဝါးများအပြင် နေ့လယ်စာထမင်းဘူး ၃၀၀၊ အိမ်ချက်ကုလားပဲဟင်း ဘူး ၁၀၀ နှင့် လူ ၄၀၀ အတွက် အဝတ်အထည်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့လှူဒါန်းခဲ့။
- ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများပေးအပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၇၈ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၅၃၁ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရရှိသောစာရင်းများအရ ပြည်သူ ၁၁၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၁၂၀ ဦးရှိကြောင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ရေကြီးရေလျှံခဲ့မှုကြောင့် တံတား ၂၅ စင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ ဆည်/တမံ ၅ ခု၊ ဘုရားစေတီ ၄ ဆူ၊ ထရန်စဖော်မာ ၁၄ လုံး၊ ဓာတ်မီးတိုင် ၄၅၆ တိုင်နှင့် လူနေအိမ် ၇၉,၇၄၅ လုံး ရေဝင်နစ်မြုပ်၍ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ထိခိုက်မှု လျော့ပါး စေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိပြီး မိုးလေဝသသတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ကြေညာပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၄)
- နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရှိ မြို့နယ် ၇၈ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၅၃၁ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရရှိသောစာရင်းများအရ ပြည်သူ ၁၁၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၂၀ ဦး ပျောက်ဆုံးခဲ့။
- ရေကြီးရေလျှံခဲ့မှုကြောင့် တံတား ၂၅ စင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ ဆည်/တမံ ၅ ခု၊ ဘုရားစေတီ ၄ ဆူ၊ ထရန်စဖော်မာ ၁၄ လုံး၊ ဓာတ်မီးတိုင် ၄၅၆ တိုင်နှင့် လူနေအိမ် ၇၉,၇၄၅ လုံး ရေဝင်နစ်မြုပ်၍ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့။
- သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ထိခိုက်မှု လျော့ပါး စေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိပြီး မိုးလေဝသသတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ကြေညာ ပေးလျက်ရှိ။
Add new comment