ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ BRICS Media Summit သို့ တက်ရောက်

BRICS Media Summit ကို စက်တင်ဘာ ၁၄ ရက်တွင် မော်စကိုမြို့ရှိ World Trade Centre (WTC) ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှား ဖက်ဒ​ရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

BRICS Media Summit ၌  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ​​ဆွေး​နွေးပြောကြားရာတွင်-

  • မီဒီယာသည် ကမ္ဘာ့တိုင်းပြည်များစွာ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်စုံတွင် ဝင်ဆံ့ ပြီး ဩဇာလွှမ်းနေသည်ကို အားလုံးအသိဖြစ်ပြီး မီဒီယာများ၏ ထိုးဖောက်ဝင်ရောက် ပျံ့နှံ့နိုင် မှုစွမ်းရည်ကြောင့် ကမ္ဘာ့နိုင်ငံများတွင် ရင်းနှီးကျွမ်းဝင်မှုများ တည်ဆောက်နိုင်သကဲ့သို့ သတင်း တု/သတင်းမှားများ၏ အန္တရာယ်ကြောင့် နိုင်ငံတည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးမှုနှောင့် နှေးနေရ သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။
  • ကမ္ဘာ့မီဒီယာကဏ္ဍတွင် သမားရိုးကျမီဒီယာများ တည်ရှိနေသေးသော်လည်း နည်းပညာအလွန် အမင်းဖွံ့ဖြိုးတိုးတက်လာမှုအရ ခေတ်သစ်မီဒီယာ ထွန်းကားလာပြီး သတင်းသမားသာမက လူထုအားလုံးက လိုသလိုသတင်းကို ပုံဖော်ရေးသားလာကြသည့်အတွက် သတင်းတု၊ သတင်း မှားနှင့် ဘက်လိုက်သတင်းများမှာ ကမ္ဘာ့နိုင်ငံအားလုံးရှိ လူသားများအတွက် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ကြောင်း။
  • သတင်းတု/သတင်းမှားများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိ ခိုက်လာနိုင်သည့်အန္တရာယ်များ ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် သတင်းတု/ သတင်းမှား တိုက်ဖျက်ရေး၊ သတင်းမှန်များ ဖြန့်ချိရေးအတွက် ကြိုးပမ်း နေကြရခြင်းဖြစ်ကြောင်း။
  • ကမ္ဘာ့နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်နိုင်မည့် သတင်းစကားများ၊ နား လည် သဘောပေါက်မှုကို ဖန်တီးပေးမည့် အပြုသဘောဆောင်သော သတင်းပေးပို့ချက်များ ဖလှယ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း။
  • BRICS Media သည် ဖွံ့ဖြိုးဆဲတို့၏ အမှန်အကန်တိုးတက်ဖြစ်ထွန်းမှုများကို ကိုယ်စားပြု ဖွင့် ဟပေးပြီး နေရာစုံမှ ကမ္ဘာ့ပြည်သူများ ကြားနိုင်၊ မြင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးနေ ခြင်းဖြစ်ကြောင်း၊
  • BRICS အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများစွာနှင့်အတူ လက်တွဲပူးပေါင်းပြီး မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့။

ပြည်​ထောင်စုဝန်ကြီးသည် BRICS မီဒီယာဓာတ်ပုံပြပွဲနှင့် BRICS Media Summit တက်​ရောက်စဉ်ကာလအတွင်း ရုရှားနိုင်ငံမှ သတင်းဌာနကြီးများဖြစ်​သော IZVESTIA TV Channel , Channel 1 TV , Tass ရုပ်သံနှင့် သတင်းစာ၊ Russia Today , Svo-bodnaya ရုပ်သံနှင့် တရုတ် နိုင်ငံမှ CGTN သတင်းဌာနတို့နှင့် ​တွေ့ဆုံပြီး ရုရှား - မြန်မာ ချစ်ကြည်​ရေး၊ ရုရှား - မြန်မာ မီဒီယာပူး​ပေါင်း​ဆောင်ရွက်​ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ပကဓိဖြစ်ရပ်မှန်အ​ခြေအ​နေများ၊ BRICS အဖွဲ့ကြီး ၏ အ​ရေးပါမှုအခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ ​ မေးမြန်းချက်များကို ​ဖြေကြားခဲ့ပါသည်။

BRICS Media Summit သို့ အဖွဲ့ဝင်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံ​ပေါင်း ၄၅ နိုင်ငံ​ကျော်၏ မီဒီယာဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြ​ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၄)

  • မီဒီယာများ၏ ထိုးဖောက်ဝင်ရောက် ပျံ့နှံ့နိုင်မှုစွမ်းရည်ကြောင့် ကမ္ဘာ့နိုင်ငံများတွင် ရင်းနှီး ကျွမ်းဝင်မှုများ တည်ဆောက်နိုင်သကဲ့သို့ သတင်းတု/သတင်းမှားများ၏ အန္တရာယ်ကြောင့် နိုင်ငံတည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးမှုနှောင့် နှေးနေရသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်
  • သတင်းသမားသာမက လူထုအားလုံးက လိုသလိုသတင်းကို ပုံဖော်ရေးသားလာကြသည့်အ တွက် သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများမှာ ကမ္ဘာ့နိုင်ငံအားလုံးရှိ လူသား များအတွက် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့။
  • သတင်းတု/သတင်းမှားများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိ ခိုက်လာနိုင်သည့်အန္တရာယ်များ ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် သတင်းတု/ သတင်းမှား တိုက်ဖျက်ရေး၊ သတင်းမှန်များ ဖြန့်ချိရေးအတွက် ကြိုး ပမ်းနေကြရခြင်းဖြစ်။
  • ကမ္ဘာ့နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်နိုင်မည့် သတင်းစကားများ၊ နား လည် သဘောပေါက်မှုကို ဖန်တီးပေးမည့် အပြုသဘောဆောင်သော သတင်းပေးပို့ချက်များ ဖလှယ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်။

Add new comment