စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် ဝင်ဒမ်ဂရမ်း ရန်ကုန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဖောင် ဒေးရှင်း (China Foundation For Rural Development-CFRD) တို့ ပူးပေါင်းကျင်းပသော CITIC Star Scholarship ပေးအပ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms.Ma Jia ၊ CITIC Star Myanmar မှ Mr. Liang Chuan Xin ၊ China Foundation For Rural Development မှ Mr.Chen Hongtao၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်စန္ဒာနိုင်၊ တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ရှိသူများ၊ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၊ မြန်မာ - တရုတ် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
CITIC Myanmar သည် ၂၀၁၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် ဒေသခံအဖွဲ့အစည်းတို့ဖြင့်ပူးပေါင်း၍ လူမှုအကျိုးပြုစီမံကိန်းများကို ဆောင်ရွက်ခဲ့ကြ ပြီး CITIC Star Scholarship ပညာသင်ထောက်ပံ့ကြေး အစီအစဉ်တွင်လည်း တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပညာရေးဆုံးခန်းတိုင် ပြီးမြောက်စေရန်အတွက် ငွေကြေးအထောက်အပံ့နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်စေရန် နှစ်နှစ်ထောက်ပံ့ပေးလျက်ရှိသည်။ CITIC Myanmar အနေဖြင့် ကျောင်းသား ကျောင်းသူများအား ငွေကြေးထောက်ပံ့မှုအပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအား China Foundation For Rural Development မှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများက ပညာသင်ဆုရ နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူတို့ကို ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ် ချီးမြှင့်ပြီးနောက် CITIC Myanmar နှင့် China Foundation For Rural Development တို့မှ တာဝန်ရှိသူနှစ်ဦးသည် Strategic Agreement ကို လက်မှတ်ရေးထိုး၍ မှတ်တမ်းဓါတ်ပုံများရိုက်ကူး ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၄)
- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများက ပညာသင်ဆုရ နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူတို့ကို ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ် ချီးမြှင့်ခဲ့။
Add new comment