(၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်

(၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က စက်တင်ဘာလ ၁၂ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့ပါသည်။

          သဝဏ်လွှာကောက်နုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ကာ တည်ဆဲဥပဒေများအရ တားဆီးနှိမ်နင်းရေးများဆောင်ရွက်ခဲ့။
  • လူကုန်ကူးမှုသည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် လူ့အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေရုံ သာမက အသက်အိုးအိမ်စည်းစိမ်ကိုပါ များစွာထိခိုက်စေလျက်ရှိကာ လူကုန်ကူးသူများအနေဖြင့် အမြတ်အစွန်းကြီးမားစွာရရှိသောကြောင့် မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားရုံသာမက နိုင်ငံ၏ နယ်နိမိတ်ဖြတ်ကျော်ကာ အခြားနိုင်ငံများဆီသို့ ဦးတည်၍ဖြစ်ပွားလျက်ရှိ။
  • မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုပြဿနာများကို တိုက်ဖျက်နိုင်ရေးအတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီ (၄) ရပ်နှင့် အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များအား စနစ်တကျဖွဲ့စည်း၍ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ကာ အလေးထားဆောင်ရွက်လျက်ရှိ။
  • လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ မှုခင်းများအား တရားစွဲဆိုရေးလုပ်ငန်းများနှင့် လူကုန်ကူး ခံရသူများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို (၅) နှစ်စီမံကိန်းများရေးဆွဲ၍ မဟာဗျူဟာ (၃) ရပ်၊ နည်းဗျူဟာ (၄) ရပ်နှင့် လုပ်ငန်းကဏ္ဍ (၄) ရပ်ချမှတ်ပြီး အကောင် အထည်ဖော်‌ ဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာသည် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်ဖြစ်ပွားလျက်ရှိနေကြောင်း တွေ့ရှိရ။
  • နှစ်စဉ် ဖြစ်ပွားလျက်ရှိသည့် ကိန်းဂဏန်းများအရ ပြည်တွင်းလူကုန်ကူးမှု ၅၆ ရာခိုင်နှုန်း၊ ပြည်ပလူကုန်ကူးမှု ၄၄ ရာခိုင်နှုန်း ဖြစ်ပွားလျက်ရှိပြီး ပြည်တွင်းလူကုန်ကူးမှုတွင် အဓမ္မ ပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှုများ အဓိကဖြစ်ပွားလျက်ရှိ။
  • ပြည်ပလူကုန်ကူးမှုအနေဖြင့် အဓမ္မလက်ထပ်ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မ ခိုင်းစေမှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ ကလေးရောင်းစားမှုနှင့် အဓမ္မ တောင်းရမ်းစေခိုင်းမှုများ ဖြစ်ပွားလျက်ရှိ။ ထို့အပြင် ၂၀၂၄ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံသို့ ဦးတည်ဖြစ်ပွားသည့် အငှားကိုယ်ဝန်ဆောင်သည့်လူကုန်ကူးမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့။
  • ယခုအခါ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၌ အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစား (Online Gambling) များ တရားမဝင်ဖွင့်လှစ်လုပ်ကိုင်လာကြပြီး နိုင်ငံခြားသားများကို အွန်လိုင်းမှစည်းရုံးကာ အတင်းအကျပ်ခိုင်းစေမှုများ ကြုံတွေ့နေရ။ အဆိုပါဖြစ်ပေါ်နေမှုကို နိုင်ငံတကာမှပုံစံသစ်ဖြင့် ဖြစ်ပေါ်လာသော လုပ်အားခေါင်းပုံဖြတ်သည့် လူကုန်ကူးမှု (New Emerging Trend of Human Trafficking) ဟု အမည်တပ်လာကြ။
  • မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံရသူများကိုကယ်တင်၍ နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်လျက်ရှိ။
  • အဆိုပါဖြစ်စဉ်များတွင် ဒေသတွင်းမဟုတ်သည့် အခြားနိုင်ငံများက နိုင်ငံခြားသားများလည်း ပါဝင်လာသည်ကို တွေ့ရှိနေရသည့်အတွက် အလေးအနက်ထား ထိန်းချုပ်ရန်လိုအပ်သောကြောင့် နိုင်ငံပေါင်းစုံပူးပေါင်းပါဝင်မှုဖြင့် တိုက်ဖျက်နိုင်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများနှင့်လည်းပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိ။ ထို့အပြင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်း၊ လုပ်ငန်းလမ်းညွှန် (TOR) နှင့် လုပ်ငန်းစီမံချက်ကို အပြီးသတ် ရေးဆွဲ အတည်ပြုနိုင်ခဲ့။
  • မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံများ၏ ဝန်ကြီးများအဆင့်အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေးနှင့် ဒေသတွင်းလုပ်ငန်းအဖွဲ့အစည်းအဝေးများကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဒေသတွင်းနိုင်ငံများအကြား လူကုန်ကူးမှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရေးအတွက် မဲခေါင် ဒေသခွဲလုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခဲ့ရာ (၄) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်။
  • လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ။
  • ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သောဟန့်တားမှုဖြစ်သဖြင့် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ပြည်သူလူထုကို လူကုန်ကူးမှုအသိပညာပေး မှုခင်းသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ဇာတ်လမ်းတိုများ၊ တေးသီချင်းများ၊ အသိပညာပေးစကားဝိုင်းများ စသည်တို့အား ထုတ်လွှင့်ပြသခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် SMS ပေးပို့ခြင်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် Hot Line ဖုန်းများတိုးချဲ့တပ်ဆင်ခဲ့ပြီး လူကုန်ကူးမှုသတင်းလက်ခံခြင်း၊ အချိန်နှင့်တစ်ပြေးညီဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းများ ဆောင်ရွက်ခဲ့။
  • သက်ဆိုင်ရာဌာနများအချင်းချင်းပူးပေါင်း၍ မြို့ပြဒေသများတွင်သာမက ကျေးလက်ဒေသ များအထိ ပြည်သူလူထုများ အသိပညာရရှိရေးအတွက် လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ အသိပညာပေး Billboard များ စိုက်ထူခြင်း၊ ကားဂိတ်၊ ရေဆိပ်၊ လေဆိပ်၊ ဘူတာရုံစသည့်လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စတေကာများကပ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိ။
  • လူကုန်ကူးမှုနှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင်လည်း ပြည်ပသို့ထွက်ခွာမည့် သူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ တိုက်ရိုက်ဆက်သွယ် အကူအညီ တောင်းခံနိုင်သည့် Whats App၊ QR Code ၊ Viber QR Code များပေးအပ်ကာ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရနိုင်ခြေအန္တရာယ် အများဆုံးရှိနိုင်သော အခြေခံလူတန်းစားများ၊ လက်လုပ်လက်စားများ၊ လမ်းပေါ်နေထိုင်သူများ၊ လမ်းပျော်များ၊ ဆယ်ကျော်သက် ကျား/မ လူငယ်လူရွယ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ/ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်မှု (၆၄) မှု တွင် ထောင်ဒဏ်တစ်သက် ၅ ဦး၊ ထောင်ဒဏ် (၄၀) နှစ် ၂ ဦး၊ ထောင်ဒဏ် (၂၅) နှစ် ၁ ဦး၊ ထောင်ဒဏ် (၂၀) နှစ် ၂၀ ဦး၊ ထောင်ဒဏ် (၁၅) နှစ်နှင့်အောက် ၈၃ ဦးတို့အား ပြစ်ဒဏ် ချမှတ်နိုင်ခဲ့။
  • တရားမဝင်ပို့ဆောင်သူများကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက် ခဲ့ပြီး နစ်နာသူများကို ဥပဒေနှင့်အညီ ကူညီဆောင်ရွက်‌ပေးနိုင်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့မှု (၁၉၉) မှုရှိခဲ့ပြီး တရားခံကျား ၁၇၄ ဦး၊ မ ၂၀၉ ဦး စုစုပေါင်း ၃၈၃ ဦးအား အရေးယူနိုင်ခဲ့။
  • လူကုန်ကူးခံရသူများ၏ လူမှုဘဝရပ်တည်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးထောက်ပံ့မှု ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ မိဘရပ်ထံပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်း၊ အသက် မွေးဝမ်းကျောင်း ပညာသင်တန်းနှင့် ကျွမ်းကျင်မှုသင်တန်းများပေးခြင်းတို့ကို လူကုန်ကူး ခံရသူတစ်ဦးချင်းအတွက် သင့်လျော်သောဝန်ဆောင်မှုအစီအစဉ်များဖြင့် ဆောင်ရွက်ပေး လျက်ရှိ။
  • လူကုန်ကူးခံရသူများအတွက် တရားရုံးရင်ဆိုင်နေစဉ်ကာလအတွင်း ခရီးစရိတ်၊ အစားအစာ နှင့် ရိက္ခာ၊ ဆေးကုသစရိတ်၊ ဘဝရပ်တည်နိုင်ရေး နောက်ဆက်တွဲကူညီ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူကုန်ကူးခံရသူများကို လိုအပ်သည့်ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန များနှင့်ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ အရင်းအမြစ်ဖြစ်သည့် ကလေးသူငယ် များကို ပြုစုပျိုးထောင်ခြင်း၊ အသက်အရွယ်နှင့်လျော်ညီစွာ ဂုဏ်သိက္ခာကို လေးစားတန်ဖိုး ထားခြင်း၊ ခွဲခြားဆက်ဆံမှုမပြုခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှု မရှိစေရေးတို့အတွက် ကာကွယ်စောင့်ရှောက်ပေးခြင်းများသည် အဓိကကျသောကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိ။

သို့ဖြစ်၍ ၂၀၂၄ ခုနှစ်၊ (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား ဆိုသည့်အတိုင်း လူကုန်ကူးခံရသူများ အထူးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးနှင့် ကလေးသူငယ်များ၏ အခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက်ခြင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုမရှိစေရေး ကာကွယ်စောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် တိုးမြှင့် ဆောင်ရွက်သွားကြခြင်းဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များ လူကုန်ကူးခံရမှုအန္တရာယ်မှ တားဆီး ကာကွယ်နိုင်မည်ဟု ယုံကြည်မိပါသည်ဟု သဝဏ်လွှာ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၄)

  • လူကုန်ကူးမှုသည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် လူ့အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေရုံ သာမက အသက်အိုးအိမ်စည်းစိမ်ကိုပါ များစွာထိခိုက်စေလျက်ရှိကာ လူကုန်ကူးသူများအနေဖြင့် အမြတ်အစွန်းကြီးမားစွာရရှိသောကြောင့် မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားရုံသာမက နိုင်ငံ၏ နယ်နိမိတ်ဖြတ်ကျော်ကာ အခြားနိုင်ငံများဆီသို့ ဦးတည်၍ဖြစ်ပွားလျက်ရှိ။
  • မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံရသူများကိုကယ်တင်၍ နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်လျက်ရှိ။
  • အဆိုပါဖြစ်စဉ်များတွင် ဒေသတွင်းမဟုတ်သည့် အခြားနိုင်ငံများက နိုင်ငံခြားသားများလည်း ပါဝင်လာသည်ကို တွေ့ရှိနေရသည့်အတွက် အလေးအနက်ထား ထိန်းချုပ်ရန်လိုအပ်သောကြောင့် နိုင်ငံပေါင်းစုံပူးပေါင်းပါဝင်မှုဖြင့် တိုက်ဖျက်နိုင်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ။
  • ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သောဟန့်တားမှုဖြစ်သဖြင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူလူထုကို လူကုန်ကူးမှုအသိပညာပေး မှုခင်းသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ဇာတ်လမ်းတိုများ၊ တေးသီချင်းများ၊ အသိပညာပေးစကားဝိုင်းများ စသည်တို့အား ထုတ်လွှင့် ပြသခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် SMS ပေးပို့ခြင်းများ ဆောင်ရွက်လျက်ရှိ သည့်အပြင် Hot Line ဖုန်းများတိုးချဲ့တပ်ဆင်ခဲ့ပြီး လူကုန်ကူးမှုသတင်းလက်ခံခြင်း၊ အချိန်နှင့် တစ်ပြေးညီဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းများ ဆောင်ရွက်ခဲ့။
  • လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ/ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်မှု (၆၄) မှု တွင် ထောင်ဒဏ်တစ်သက် ၅ ဦး၊ ထောင်ဒဏ် (၄၀) နှစ် ၂ ဦး၊ ထောင်ဒဏ် (၂၅) နှစ် ၁ ဦး၊ ထောင်ဒဏ် (၂၀) နှစ် ၂၀ ဦး၊ ထောင်ဒဏ် (၁၅) နှစ်နှင့်အောက် ၈၃ ဦးတို့အား ပြစ်ဒဏ် ချမှတ် နိုင်ခဲ့။
  • လူကုန်ကူးခံရသူများ၏ လူမှုဘဝရပ်တည်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးထောက်ပံ့မှုပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ မိဘရပ်ထံပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းနှင့် ကျွမ်းကျင်မှုသင်တန်းများပေးခြင်းတို့ကို လူကုန်ကူးခံရသူတစ်ဦးချင်းအတွက် သင့်လျော်သောဝန်ဆောင်မှုအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိ။

Add new comment