နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်းနှင့်တံတားများ ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ စက်တင် ဘာလ ၁၄ ရက်တွင် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးရထားလမ်းတစ်လျှောက် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုခဲ့သည့်နေရာများအား သွားရောက်ကြည့်ရှုခဲ့ရာ-

  • ရမည်းသင်းဘူတာသို့ ရောက်ရှိပြီး ရမည်းသင်းဘူတာနှင့် အင်းကုန်းဘူတာအကြား မိုင်တိုင် အမှတ် ၂၇၁/၁၆-၁၇ ရှိ အစုန်နှင့် အဆန်ရထားလမ်းနှစ်ဖက်စလုံး၌ တာပေါင်ပေ ၃၀ ခန့်စီ ရေတိုက်စား ပြတ်တောက်ပျက်စီးနေမှုအခြေအနေ၊ ရမည်းသင်းဘူတာနှင့် အင်ကြင်းကန် ဘူတာအကြား မိုင်တိုင်အမှတ် ၂၇၇/ ၁-၃ အတွင်း အစုန်ရထားလမ်း တာပေါင်ရေတိုက်စား မှုနှင့် မိုင်တိုင် ၂၇၇/၇-၈ အနီး တံတားအမှတ် ၅၁၅ ၏ ကမ်းကပ်ခုံအစွန်းခံအုတ်ခုံ ရေတိုက် စားမှုကြောင့် ပြိုကျပျက်စီးနေမှုနှင့် ရွှေဒါးဘူတာနှင့် ပျော်ဘွယ်ဘူတာအကြား ပေ ၁၀၀ ဘေလီတံတား၏ ရေလယ်ဒေါက်တိုင်ရေတိုက်စားနေမှုအခြေအနေများကိုလည်းကောင်း။
  • ပျော်ဘွယ်ဘူတာသို့ ရောက်ရှိပြီး ရန်ကုန်-မန္တလေး ရထားလမ်းမကြီးနှင့် ရှမ်းပြည်တောင်ပိုင်း၊ သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းတို့တွင် ရထားလမ်းတာပေါင်နေရာများ၊ တံတားများ ရေတိုက်စားပျက်စီးမှုအခြေအနေ၊ ပျော်ဘွယ်ဘူတာနှင့် ရှမ်းရွာဘူတာအကြား အစုန်၊ အဆန် ရထားလမ်းနှစ်နေရာတွင် ရေတိုက်စားပြီး လမ်းတာပေါင် ပြတ်ကျပျက်စီးနေမှုတို့ကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးခဲ့။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထား လမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို တိုင်းနယ်နိမိတ်အလိုက် စနစ်တကျစီမံကြီးကြပ်သွားရေး၊ အဓိကရထားလမ်းပိုင်းများတွင် မိုင်နှုန်းတိုးမြှင့်နိုင်ရေးအတွက်လည်း စီမံချက် စနစ်တကျချမှတ် အကောင်အထည်ဖော်သွားရေး၊ အသုံးမပြုတော့သည့် သံလမ်းဟောင်း၊ ဇလီဖားအဟောင်းများကို ဘူတာများတွင် စနစ်တကျသိမ်းဆည်းထိန်းသိမ်းရေးနှင့် ဘူတာသန့်ရှင်းသပ်ရပ်ရေးတို့ကို ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၉-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးရထားလမ်းတစ်လျှောက် ရေတိုက်စားပြီး ပျက်စီး ချို့ယွင်းမှုခဲ့သည့်နေရာများအား သွားရောက်ကြည့်ရှုခဲ့ပြီး ရထားများ အမြန်ဆုံးပြန်လည်ပြေး ဆွဲနိုင်ရေးအတွက် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို ဆောင်ရွက်သွားရန် မှာကြားခဲ့။

Add new comment