နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများနှင့်ပတ်သက် ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက -
- နယ်မြေအတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ အနီးမှ ဝင်ရောက်ခဲ့သည့် ရာဂိမုန်တိုင်း၏ နောက်ဆက်တွဲကြွင်းကျန်မိုးတိမ်တိုက်များကြောင့် ကမ္ဘော ဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတစ်ဝန်းနီးပါး မိုးသည်းထန်စွာ ရက်ဆက်ရွာ သွန်းခဲ့သဖြင့် ချောင်းရေ၊ မြစ်ရေများ ရုတ်တရက်မြင့်တက်၍ ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး စက်တင်ဘာ ၉ ရက် ညပိုင်းမှ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းအတွင်း နေပြည်တော် ကောင်စီ၏ မြို့နယ်(၈)မြို့နယ်အနက် တပ်ကုန်းမြို့နယ်မှစ၍ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့အတွင်း စီးဆင်းလျက်ရှိသည့် ဆင်သေချောင်းမှ တစ်ဆင့်ချောင်းရေများ ရုတ်ခြည်းမြင့်တက်လျက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ။
- ဆင်သေချောင်းအတွင်းသို့ နဝင်းချောင်း၊ မုန်ချောင်းနှင့် ကင်းသာချောင်း သုံးချောင်း၏ ချောင်းရေများသည် စက်တင်ဘာ ၉ ရက် တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မအထိ ရွာသွန်းခဲ့သဖြင့် တောင်ကျရေနှင့် မြေပြိုမှုများမှတစ်ဆင့် အရှိန်အဟုန်ဖြင့် တိုက်စားမှုများဖြစ်ပေါ်ခဲ့ပြီး ၎င်းမှကျန်မြို့နယ်(၄) မြို့နယ်သို့ တစ်ဆင့်ပြီး တစ်ဆင့်ရောက်ရှိပြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ။
- စက်တင်ဘာလ ၁၀ ရက်တွင် တပ်ကုန်းမြို့မှ အရှေ့ဘက် ၁၄ မိုင်အကွာ တောင်ခြေ အထိသည် ရေပြင်ဖုံးလွှမ်းလျက် ခရိုင်ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ အထက် ၁၀ ပေမှ ၁၄ ပေခန့် မြင့်တက်လျက်ရှိ၍ ကယ်ဆယ်ရေးအဖွဲ့များက အသက် ကယ်စက်လှေများဖြင့် ခက်ခက်ခဲခဲ ကူညီကယ်ဆယ်ရေးဆောင်ရွက်လျက်ရေလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရသည့်အခြေအနေများ။
- စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှစ၍ တပ်ကုန်းမြို့နယ်မှတစ်ဆင့် ဆင်သေချောင်း ရေကျဆင်းခဲ့ရာ စက်တင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းမှစ၍ ပျက်စီးခဲ့သည့် လမ်း/ တံတား/ အဆောက်အဦများ၊ အမှိုက်သရိုက်များ စတင်၍ ရှင်းလင်းနိုင်ပြီးဖြစ်ကြောင်း။
- လက်ရှိအချိန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားအရ ၄၂ ဦး သေဆုံးပြီး အိမ်ပေါင်း ၃၃ လုံး ရေမျောပါခြင်း၊ ရေမြုပ်အဆောက်အဦ ၃၈၁၉ လုံး အပါအဝင်ပျက်စီးမှုများကို စတင်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကြွင်းကျန်ရေဘေးသင့်သူများ ဆက်လက်ရှာဖွေကယ် ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီးဖြစ်ကြောင်း။
- ရုတ်ခြည်းချောင်းရေမြင့်တက်လာမှုကြောင့် သဘာဝဘေးအန္တရာယ်သင့်သည့်လူဦးရေ ၂၅၀၀၀ ခန့်အား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများအပါအဝင် ကယ်ဆယ်ရေးစခန်း ၈၂ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အမခြေအနေများ။
- သက်ဆိုင်ရာကဏ္ဍအလိုက် လတ်တလောဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများနှင့် လုပ်ငန်းအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့။
ရှင်းလင်းတင်ပြမှုများအပေါ်အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက-
- ယခုဖြစ်ပွားမှုသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ လက်တွေ့ ဖြစ်စဉ် ဖြစ်ရပ်များဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်းမိုခါ၏ အတွေ့အကြုံ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအတွေ့အကြုံ တို့အရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်ကို စီမံချက်နှင့်အညီ ဖွဲ့စည်းလျက် အောင်မြင်စွာ စီမံကျော်လွှားဆောင်ရွက်နိုင်ခဲ့မှုကြောင့် အဆိုပါအတွေ့ အကြုံအရလည်း ယခုဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ကိုလည်း ဆက်လက်၍ အောင်မြင်စွာကျော်လွှားနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- ဆိုင်ကလုန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း သာမက ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့်ကျန်ပြည်နယ်အချို့နေရာတို့တွင်လည်း ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများရှိပြီး အဆိုပါဖြစ်ပေါ်မှုများကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများက စီမံချက်နှင့်အညီ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
- နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း ရေဘေးသင့်ပြည်သူများကို အချို့သော အလှူရှင်များက တစ်နိုင်တစ်ပိုင် မိမိအစီအစဉ်ဖြင့် လာရောက်လှူဒါန်းမှုပြုသည်ကိုလည်း တွေ့မြင်ကြားသိရ၍ ဝမ်းသာပါကြောင်း။
- မိမိတို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee) ဖွဲ့စည်းထားရှိပြီး ၂၄ နာရီအရေးပေါ် ရုံးဖွင့်လှစ်ထားပြီးဖြစ်၍ မည်သည့် အလှူရှင်ကဖြစ်စေ မိမိတို့လှူဒါန်းလိုမှုအား ပိုမိုစနစ်တကျဖြစ်စေရေး၊ အညီအမျှအကူ အညီရရှိစေရေး စိတ်ဆန္ဒရှိသည့်နေရာ(သို့မဟုတ်) အများပြည်သူအတွက် စသည့် ခေါင်း စဉ်ဖြင့် DMC သို့ အကြောင်းကြားလာပါက အဆိုပါ ၂၄ နာရီ ဖွင့်လှစ်ထားသည့် DMC ကော်မတီမှ လိုအပ်သည့် ကယ်ဆယ်ရေးစခန်း(သို့မဟုတ်)စိတ်ဆန္ဒရှိသည့် ကယ်ဆယ်ရေး စခန်းများသို့ လမ်းညွှန်လျက် စနစ်တကျလှူဒါန်းနိုင်ရေး ဆောင်ရွက်ပါက ပိုမိုထိရောက် တွင်ကျယ်မည်ဖြစ်သဖြင့် ဝိုင်းဝန်းဆောင်ရွက်စေလိုသည်ဟု အကြံပြုလိုကြောင်း။
- ကောလာဟလသတင်းနှင့်ပတ်သက်၍လည်း ယခုဖြစ်စဉ်မှာ တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့မှုအပေါ် ဆည်တမံများ ကျိုးပေါက်ခြင်း၊ ဆည်တမံများမှ ရေအလုံးအရင်း ဖောက်ထုတ်ခြင်းကြောင့်ရေကြီး ရေလျှံမှုဖြစ်သည့် အပြင် ထပ်မံ၍လည်းဖြစ်ပေါ်လာနိုင်၍ မိမိတို့နေရာမှ အမြန်ရွှေ့ပြောင်းကြရေးတရား မဝင်ပြည်ဖျက်မီဒီယာများ၊ ဖုန်းသတိပေးချက်များ ဖြစ်ပေါ်မှုမှလည်း ဒေသခံပြည်သူများ စိတ်အနှောင့် အယှက်ဖြစ်စေခြင်း၊ စိုးရိမ်ပူပန်မှုမြင့်တက်ခြင်းများ ဖြစ်ပေါ်သည်ကို ကြား သိရပါကြောင်း။
- ဆည်တမံနှင့်ပတ်သက်၍ နေ့စဉ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ရေဝင်ရောက်မှု၊ စိုးရိမ်ရမှု၊ မစိုးရိမ်ရမှုများကို နေ့စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သို့ တင်ပြစေလျက်ရှိပြီး နေပြည်တော်ကောင်စီအတွင်း ဆည်ပေါင်း ၁၂ ခုနှင့် ရေလှောင် တမံ ၁၂ ခုရှိရာ ဆည်၊ တမံများအခြေအနေမှာ စိုးရိမ်ရသည့် အနေအထားမရှိပါကြောင်း။
- နေ့စဉ်တာဝန်ရှိသူများက ဆည်တမံများ ကြံ့ခိုင်မှုများကိုစစ်ဆေးလျက် နီးစပ်ရာ ကြီး ကြပ်ရေး တာဝန်ခံများက ကယ်ဆယ်ရေးစခန်းအလိုက် အသိပေးကြရန်လိုကြောင်း။
- အချို့ကယ်ဆယ်ရေးစခန်းများ၌ အလှူရှင်များနှင့် နီးစပ်ရာကျေးရွာများမှ နေ့စဉ် ဆန်နှင့် ရိက္ခာအမယ်များ လှူဒါန်းကြသော်လည်း အချို့သောကယ်ဆယ်ရေး စခန်းများရှိ သက် ဆိုင်ရာ တာဝန်ခံများက ထမင်းဘူးနှင့် သောက်ရေသန့်များ ဝေငှရသည့်အနေအထား ဖြစ်ရာ နေ့စဉ်ပုံမှန် နံနက်၊ ည ကျန်းမာရေးနှင့်ညီညွတ်သည့် ထမင်းဟင်းပုံမှန်အတိုင်း စားသုံးနိုင်ရေးဘေးအန္တရာယ် စီမံခန့်ခွဲရေးရန်ပုံငွေနှင့် နေပြည်တော်ကောင်စီတို့ရှိ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား၊ ငပိ စသည့်အခြေခံ ၅ မျိုးအား ကယ်ဆယ်ရေးစခန်းအလိုက် အရေးပေါ်ထားရှိ၍ နီးစပ်ရာရပ်ရွာလူမှုရေးအသင်းအဖွဲ့များမှ ချက်ပြုတ်ကျွေးမွေးနိုင်ရေး ကို လည်း စီမံပေးရန်လိုကြောင်း။
- အချို့ကျေးရွာများ၌ ယနေ့အချိန်အထိ တောင်ကျချောင်းရေများ ၁ ပေမှ ၂ ပေ အထိ ကျန်ရှိနေသေး၍ သန့်ရှင်းသော သောက်သုံးရေရရှိရေး သောက်ရေသန့် စက်ယာဉ်များ စေလွှတ်ကူညီပေးခြင်း၊ လွယ်ကူပေါ့ပါးသည့် Life Straw ကဲ့သို့ တစ်ပိုင်တစ်နိုင် သောက် ရေသန့်စက်များ အခက်အခဲရှိသည့်ကျေးရွာများအလိုက် ဖြန့်ဝေခြင်း၊ Bleaching Powder နှင့် ရေသန့်ဆေးပြားများ ပံ့ပိုးပေးခြင်းစီစဉ်ဆောင်ရွက်ရန် လိုကြောင်း။
- ကျန်းမာရေးအရ ရေဘေးအန္တရာယ် နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောနှင့် အထွေထွေ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကယ်ဆယ်ရေးစခန်းအလိုက် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိသော ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများနှင့် ကျေးရွာများရှိ သူနာပြုဝန်ထမ်းများက မိမိတို့တာဝန်ကျရာ ကျေးရွာအလိုက် ကျန်းမာ ရေးနှင့်ပတ်သက်၍ အဆင့်ဆင့်နီးစပ်ရာ ကုသရေးဌာနများသို့ ဆက်သွယ်အကြောင်း ကြားရန်လိုကြောင်း။
- ကျန်းမာရေးဝန်ထမ်း လစ်လပ်နေရာများကိုလည်း နီးစပ်ရာကျေးရွာများမှ သွားရောက် စိစစ်ရန်လိုပြီး လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ဖွဲ့စည်း၍ ကူညီဆောင်ရွက် ရန်လိုကြောင်းဖြင့် ဆွေးနွေးမှာကြား၍ ကျန်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့။
အဆိုပါအစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာစိုးဝင်း၊ ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁၅-၉-၂၀၂၄)
- ဆိုင်ကလုန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းသာမက ရှမ်း ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း နှင့်ကျန်ပြည်နယ်အချို့နေရာတို့တွင်လည်း ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများရှိပြီး အဆိုပါဖြစ်ပေါ် မှုများကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီများက စီမံချက်နှင့်အညီ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
- တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့မှုအပေါ် ဆည်တမံများ ကျိုးပေါက်ခြင်း၊ ဆည်တမံများမှ ရေအလုံးအရင်း ဖောက်ထုတ်ခြင်းကြောင့်ရေကြီး ရေလျှံမှု ဖြစ်သည့် အပြင် ထပ်မံ၍လည်းဖြစ်ပေါ်လာနိုင်၍ မိမိတို့နေရာမှ အမြန်ရွှေ့ပြောင်းကြရေး တရား မဝင်ပြည်ဖျက်မီဒီယာများ၊ ဖုန်းသတိပေးချက်များမှတစ်ဆင့် ကောလာဟလသတင်းများ ဖြစ်ပေါ်မှုမှလည်း ဒေသခံပြည်သူများ စိတ်အနှောင့် အယှက်ဖြစ်စေခြင်း၊ စိုးရိမ်ပူပန်မှုမြင့်တက် ခြင်းများ ဖြစ်ပေါ်သည်ကို ကြားသိရ။
- ဆည်တမံနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီအတွင်း ဆည်ပေါင်း ၁၂ ခုနှင့် ရေလှောင်တမံ ၁၂ ခုရှိရာ ဆည်၊ တမံများအခြေအနေမှာ စိုးရိမ်ရသည့် အနေအထားမရှိစေကာမူ နေ့စဉ် တာဝန်ရှိသူများက ဆည်တမံများ ကြံ့ခိုင်မှုများကိုစစ်ဆေးလျက် နီးစပ်ရာ ကြီးကြပ်ရေး တာဝန်ခံများက ကယ်ဆယ်ရေးစခန်းအလိုက် အသိပေးကြရန်လို။
- အချို့သောကယ်ဆယ်ရေး စခန်းများရှိ သက်ဆိုင်ရာ တာဝန်ခံများက ထမင်းဘူးနှင့် သောက် ရေသန့်များ ဝေငှရသည့်အနေအထားဖြစ်ရာ နေ့စဉ်ပုံမှန် နံနက်၊ ည ကျန်းမာရေးနှင့် ညီညွတ်သည့် ထမင်းဟင်းပုံမှန်အတိုင်း စားသုံးနိုင်ရေးဘေးအန္တရာယ် စီမံခန့်ခွဲရေးရန်ပုံငွေနှင့် နေပြည်တော် ကောင်စီတို့ရှိ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား၊ ငပိ စသည့်အခြေခံ ၅ မျိုးအား ကယ်ဆယ်ရေး စခန်းအလိုက် အရေးပေါ်ထားရှိ၍ နီးစပ်ရာရပ်ရွာလူမှုရေးအသင်းအဖွဲ့များမှ ချက်ပြုတ်ကျွေးမွေး နိုင်ရေးကိုလည်း စီမံပေးရန်လို။
- တောင်ကျချောင်းရေများ ၁ ပေမှ ၂ ပေ အထိ ကျန်ရှိနေသေး၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး သောက်ရေသန့် စက်ယာဉ်များ စေလွှတ်ကူညီပေးခြင်း၊ လွယ်ကူပေါ့ပါးသည့် Life Straw ကဲ့သို့ တစ်ပိုင်တစ်နိုင် သောက်ရေသန့်စက်များ အခက်အခဲရှိသည့်ကျေးရွာများအလိုက် ဖြန့်ဝေ ခြင်း၊ Bleaching Powder နှင့် ရေသန့်ဆေးပြားများ ပံ့ပိုးပေးခြင်းစီစဉ်ဆောင်ရွက်ရန်လို။
- ကျန်းမာရေးဝန်ထမ်း လစ်လပ်နေရာများကိုလည်း နီးစပ်ရာကျေးရွာများမှ သွားရောက် စိစစ် ရန်လိုပြီး လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ဖွဲ့စည်း၍ ကူညီဆောင်ရွက်ရန်လို။
Add new comment