အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်အအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည်-
- ကင်းသာလမ်းဆုံမှ ရန်ကုန် - မန္တလေး လမ်းဟောင်းအတိုင်း နေပြည်တော်ကောင်စီ နယ်မြေအတွင်း လူနေရပ်ကွက်များ၊ ကျေးရွာများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးနေမှုအခြေအနေများ၊ ကျေးရွာများ အတွင်း ရေဝင်ရောက်နေမှုများ၊ လူနေအိမ်များ ရေဝင်ရောက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့။
- ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ရောက်ရှိ နေသည့်ဆင်သေ၊ ပေါစံခေါ၊ ပိန္နဲပင်၊ ဇီးဖြူပင်၊ နှမ်းတောကျေးရွာများမှ ရေဘေး သင့်ပြည်သူ ၆၀၀ ခန့်အား သွားရောက်တွေ့ဆုံ၍ နေထိုင်စားသောက်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်ပတ် သက်ပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်ပြီးရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့။
- တပ်ကုန်းမြို့ရှိ ချမ်းမြေ့မြိုင်ရိပ်သာ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါ ကျောင်း တိုက်တွင် ရောက်ရှိနေသည့် ရှောက်ကုန်း၊ ကျားသေအိုင်၊ ပုဏ္ဏမာ၊ သာယာကုန်း၊ ဆင်သေနှင့် ပိန္နဲကုန်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူ ၅၀၀ ခန့်အား တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး သွားမည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့်လည်း လိုအပ်သည်များ ထောက်ပံ့ပေးသွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့။
- တပ်ကုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရောက်ရှိနေသည့် အောင်ဇေယျရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ နားကုန်း၊ ဇီးကုန်းနှင့် ဗြိုက်အင်းကျေးရွာများမှ ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော်ထားရှိသည့် နေရာ သို့သွားရောက်၍ အုပ်ချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာများ ပြုလုပ်ပေးနေသည့် အဖွဲ့များအလိုက် တွေ့ဆုံအားပေးစကားပြောကြားပြီး အဆိုပါကျောင်း၌ ယာယီ ဆေးခန်းဖွင့်လှစ်ထားရှိမှု၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် ထောက်ပံ့ ရေးပစ္စည်းများ အသင့်စုဆောင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့။
- ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် တပ်ကုန်းမြို့ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀)သို့ သွားရောက်၍ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအား လိုက်လံကြည့်ရှု၍ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်း နှီးနှီးမေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ခဲ့။
- ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်ကွန်ကရစ် လမ်းနှစ်ဖက် ပေ ၄၀၀၊ မြေသား ကျိုးကျပျက်စီးခဲ့သည့် နဝင်းချောင်းတံတား(သာယာအေး)အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူပြန်လည်တည်ဆောက် နေသည့် တံတားအဝင်ချဉ်းကပ်လမ်းအရှည်ပေ ၂၂၀ နှင့် အထွက်ချဉ်းကပ်လမ်း အရှည်ပေ ၁၈၀ ရှိ တံတားချဉ်းကပ်လမ်းနှစ်ဖက်အား ယာယီဘေလီတံတား တည် ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည် တည်ဆောက် ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် စနစ်တကျ ထည့်သွင်းတွက်ချက်၍ အမြန်ဆုံးပြန်လည်ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားခဲ့။
- ဆင်သေချောင်းတစ်လျှောက် ရေကြီးရေလျှံခြင်းများကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက် သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည်ပေ ၃၆၀၊ အကျယ် ၅၅ ပေရှိ သိုက် ချောင်း တံတား (ဆင်သေချောင်းကူး) ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
နေပြည်တော်ကောင်စီနယ်မြေအတွင်း တစ်ညအတွင်း၌ မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်း ခဲ့မှုကြောင့် ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်အတွင်းသို့ တောင်ကျချောင်း ရေများ အဆက်မပြတ်စီးဆင်းကာ မြို့နယ်ရှစ်မြို့နယ်အနက် မြို့နယ်ငါးမြို့နယ်တို့တွင် ထိခိုက် ပျက်စီးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် လမ်း/တံတားများ ပျက်စီးမှု များဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ်/ကျေးရွာအလိုက် ကယ်ဆယ်ရေးစခန်း ၈၂ ခု ဖွင့်လှစ်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် တပ်ကုန်းမြို့နှင့် ပျဉ်းမနားမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် အခြား ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁၅-၉-၂၀၂၄)
- အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသည်အအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့။
- ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ရောက်ရှိ နေသည့် ဆင်သေ၊ ပေါစံခေါ၊ ပိန္နဲပင်၊ ဇီးဖြူပင်၊ နှမ်းတောကျေးရွာများမှ ရေဘေး သင့်ပြည်သူ ၆၀၀ ခန့်အား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများနှင့် စားသောက် ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်ပြီးရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့။
- တပ်ကုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရောက်ရှိနေသည့် အောင်ဇေယျ၊ အနော်ရထာနှင့် ဘုရင့်နောင်ရပ်ကွက်တို့နှင့်၊ နားကုန်း၊ ဇီးကုန်းနှင့် ဗြိုက်အင်းကျေးရွာများမှ ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော်ထားရှိသည့် နေရာသို့သွားရောက်၍ အုပ်ချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာများ ပြုလုပ်ပေးနေသည့် အဖွဲ့များအလိုက် တွေ့ဆုံအားပေးစကား ပြော ကြားပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆေးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများပေးအပ်ခဲ့။
- ဆင်သေချောင်းတစ်လျှောက် ရေကြီးရေလျှံခြင်းများကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီး ခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည့် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည်ပေ ၃၆၀၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်း တံတား (ဆင်သေချောင်းကူး) ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့။
Add new comment