နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စက်တင်ဘာလ ၁၅ ရက်တွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်-
- ဇေယျာသီရိမြို့နယ်မှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက် ခွာခဲ့ပြီး ဆင်သေချောင်းအတိုင်း ရေတိုက်စားမှုကြောင့် ကားလမ်းဘေး ရေတိုက်စား ပျက်စီးနေမှုများ၊ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ယာဉ်များ စောင့်ဆိုင်းနေရမှု အခြေအနေများကိုလည်းကောင်း။
- ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နဝင်းချောင်းတံတားအား ယာယီဘေလီ တံတား တည်ဆောက်ပြုပြင်နေမှုအခြေအနေများအားလည်းကောင်း။
- ကင်းသာလမ်းခွဲမှတစ်ဆင့် ကင်းသာအုပ်စု၊ ၃ မိုင်ကျေးရွာအနီးရှိ ကင်းသာတမံအတွင်း သောင်ထွန်းနေမှု၊ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဝင်ခဲ့မှုကြောင့် တမံ ကျိုးပေါက်နေမှု၊ သစ်ပင်သစ်တုံးကြီးများ တမံအတွင်း ပိတ်ဆို့နေမှုအခြေအနေများကို လည်းကောင်း။
- ကင်းသာလမ်းခွဲနေရာ၌ ရေတိုက်စားမှုကြောင့် လမ်းကြောင်းပျက်စီးနေမှုအခြေအနေများ၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကိုလည်းကောင်း။
- နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ် ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) အား ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက အများပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် အမြန်ဆုံးပြီးစီးနိုင်ရေး နေ့ညမပြတ် လုပ်ငန်းဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကင်းသာချောင်းတစ်လျှောက် တောင်ကျ ချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့မှုနှင့် တမံအပေါ်မှ ရေ ၃ ပေခန့်ကျော်ကျခဲ့မှု၊ သစ်တုံး ကြီးများနှင့် နုန်းအနှစ်များ၊ သဲများ တမံအတွင်း အများအပြားဝင်ရောက်၍ သောင်ထွန်းနေမှု အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က-
- နဝင်းချောင်းတံတား (အဆုံ) အား ယာယီဘေလီတံတားထိုးနေမှုနှင့်ပတ်သက်၍ ရေကြီး ရေလျှံမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လမ်းတံတားနေရာများအား အများပြည်သူ သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ပြန်လည် ပြုပြင်ခြင်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း။
- ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်းစာယူ၍ တံတားများတည်ဆောက်ရာတွင် အရှိန်အဟုန် ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျထည့်သွင်းတွက်ချက်၍ ပြန်လည် ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း။
- တံတားကြီးနေရာများ၌ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ရေထွက်ရာလမ်းကြောင်း နေရာများကို ရေလမ်းကြောင်းဖြောင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်း။
- ကင်းသာရေလှောင်တမံ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်၍ ချောင်းအထက်ပိုင်း၌ သစ်ပင် များကို အများအပြားခုတ်ယူခြင်းကြောင့် ရေစီးဆင်းမှုနှုန်းကို ထိန်းသိမ်းနိုင်စွမ်းအား နည်း လာကာ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းချိန်တွင် ရေအလုံးအရင်းဖြင့် စီးဆင်းခဲ့ခြင်း ဖြစ်ကြောင်း။
- သစ်ပင်သစ်တုံးများကို ခုတ်ယူပြီး ချောင်းကမ်းနဖူးများတွင် စုပုံထားခြင်းကြောင့် ရေစီးနှင့် အတူမျောပါလာသည့် သစ်တုံးကြီးများ၏ ရိုက်ခတ်မှုများကြောင့် ရေလမ်းကြောင်း တစ် လျှောက်ထိခိုက်ပျက်စီးမှုများနှင့် တမံကျိုးပေါက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သဖြင့် ရေလမ်း ကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ၊ တမံအတွင်း ပြည့်နှက်နေသည့် နုန်းများ၊ သဲများကို ဖယ်ထုတ်ခြင်းလုပ်ငန်းများကို အဆင့်လိုက်ဆောင်ရွက်သွားရန်လိုကြောင်း။
- အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်းများနှင့် တမံဧရိယာပြန်လည် ဖော်ဆောင်ခြင်း လုပ်ငန်းများကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ထိုသို့ဆောင်ရွက်ပြီးမှသာလျှင် ကျိုးပေါက် နေသည့်တမံနေရာများ စနစ်တကျဖြင့် ပြန်လည်ပြုပြင်သွားရန်လိုကြောင်းနှင့် အခြားလို အပ်သည်များကို မှာကြားခဲ့။
နဝင်းချောင်းတံတား (အဆုံ) ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် ၄၀ တန်၊ အရှည် ၁၀၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သံဘေလီသုံးလွှာ ၁ ထပ် တံတားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက်မှစ၍ အစားထိုးစတင်တည်ဆောက်လျက်ရှိရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်းသိရပြီး ကင်းသာရေထိန်းတမံသည် ၁၉၉၄-၁၉၉၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မြေသားတမံအမျိုးအစားဖြစ်ပြီး တမံအတွင်း (၇၂) ဧကပေသာ သိုလှောင်ထိန်းသိမ်းနိုင်သည့် ရေထိန်းတမံငယ်ဖြစ်ကြောင်း၊ ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားပြီး ကင်းသာရေထိန်းတမံအတွင်း ရေဝင်ရောက်မှုများပြားခဲ့သဖြင့် တမံမှ ရေသို လှောင်နိုင်ခြင်းမရှိတော့ဘဲ မြေသားပေါင် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သလို ကင်းသာသစ်ဆိပ်မှ သစ်လုံး ကြီးများသည်လည်း ရေစီးကြောင်းအတိုင်းမျောပါခဲ့ပြီး ရေထိန်းတမံအား အရှိန်အဟုန်ဖြင့် ဝင်ဆောင့် ခဲ့မှုများကြောင့် တမံထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၃ မိုင်ကျေးရွာရှိ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့မှုအခြေအနေများကို မေးမြန်း အားပေးစကားပြောကြားပြီးနောက် ပြင်ဆင်တည်ဆောက်ပြီးစီးပြီဖြစ်သည့် ယာယီဘေလီ တံတား ပေါ်မှ မော်တော်ယာဉ်များဖြင့် မောင်းနှင်ဖြတ်သန်းခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁၆-၉-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ် ပေါ်ခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့။
- ရေကြီး ရေလျှံမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လမ်းတံတားနေရာများအား အများ ပြည်သူ သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ပြန်လည် ပြုပြင်ခြင်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန်နှင့် တံတားများတည်ဆောက်ရာတွင် အရှိန် အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျထည့်သွင်းတွက်ချက်၍ ပြန်လည် ပြင်ဆင်ဆောင်ရွက်သွားရန်လို။
- ချောင်းအထက်ပိုင်း၌ သစ်ပင်များကို အများအပြားခုတ်ယူခြင်းကြောင့် ရေစီးဆင်းမှုနှုန်း ထိန်း သိမ်းနိုင်စွမ်း နည်းလာကာ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းချိန်တွင် ရေအလုံးအရင်းဖြင့် စီးဆင်းခဲ့ခြင်းဖြစ်သလို ချောင်းကမ်းနဖူးများတွင် ခုတ်ယူထားသည့်သစ်တုံးများကို စုပုံထားခြင်း ကြောင့် ရေစီးနှင့်အတူမျောပါလာသည့် သစ်တုံးကြီးများ၏ ရိုက်ခတ်မှုများကြောင့် ရေလမ်း ကြောင်း တစ် လျှောက်ထိခိုက်ပျက်စီးမှုများနှင့် တမံကျိုးပေါက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သဖြင့် ရေလမ်း ကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ၊ တမံအတွင်း ပြည့်နှက်နေသည့် နုန်းများ၊ သဲများကို ဖယ်ထုတ်ခြင်းလုပ်ငန်းများကို အဆင့်လိုက်ဆောင်ရွက်သွားရန်လို။
Add new comment