တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်နှင့် ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ၏ အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်း မှု များဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ် အချို့တို့တွင် ရုတ်တရတ်ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ လမ်းပန်းဆက် သွယ်မှု မပြတ်တောက်စေရေးအတွက် ယာယီပြင်ဆင်ဆောင်ရွက်နေမှုများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရေကြီးရေလျှံမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ စက်တင်ဘာလ ၁၄ ရက်တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ် ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည် ၃၆၀ ပေ၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)သည် ဆင်သေချောင်းတစ်လျှောက် ရုတ်တရတ်ရေကြီးရေလျှံခြင်းများကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတား ရေလယ်တိုင်(Pier)များ နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဘေလီတံတားထိုး၍ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- သိုက်ချောင်းတံတား(ဆင်သေချောင်းကူး)အပြင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် အခြားတံတားများကိုလည်း အများပြည်သူသွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း။
- ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်၌ ပျက်စီးသွားသည့်တံတားများ ပြန်လည်ပြုပြင် တည်ဆောက်ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ် ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေး တို့အတွက် စနစ်တကျထည့်သွင်းတွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် လိုကြောင်း။
- နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာ များမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများအား ယာယီရေဘေးရှောင်စခန်းများသို့ ကူညီပြောင်းရွှေ့ပေးထားမှု အခြေအနေများကို မေးမြန်းကာ ရေဘေးသင့်ပြည်သူများ ၏ နေရေးနှင့် စားရေးအဆင်ပြေစေရေးအတွက် စီမံဆောင်ရွက်ပေးသွားရန်နှင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၏ ဆွမ်းကိစ္စ အဆင်ပြေစေရေးအတွက်လည်း ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် သိုက်ချောင်းကျေးရွာမှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မော်တော်ယာဉ်များဖြင့် လှည့် လည်၍ စိုက်ဧကများ ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးနေမှုအခြေအနေများနှင့်ကျေးရွာများ အတွင်း ရေဝင်ရောက်နေမှုများ၊ ပင်လောင်းလမ်းဆုံနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ လှေခွင်း တောင်သို့ဝင်ရောက်သည့် လမ်းပိုင်းနေရာများတွင် ရေကျော်ဖြစ်ပေါ်နေမှုအခြေအနေများနှင့် ကုန်တင် ကားကြီးများနှင့် ခရီးသည်တင်ယာဉ်များ စောင့်ဆိုင်းနေရမှုအခြေအနေများ၊ ကျောက်ချက် တံတား(ဆင်သေချောင်းကူး)ပေါ်မှတဆင့် ဆင်သေချောင်းအတွင်း ရေများ အဆက်မပြတ်စီးဆင်း နေမှုအခြေအနေများ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝက်ကုန်းကျေးရွာနှင့် ပေါက်တောကျေးရွာလမ်းကြောင်း တစ်လျှောက် လူနေအိမ်များ ရေဝင်ရောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား-
- ရေကြီးရေလျှံမှုများကြောင့် လမ်းများ၌ သစ်ပင်/သစ်ကိုင်းများ ပိတ်ဆို့နေမှုများကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရန်လိုကြောင်း။
- ရေစီးရေလာ ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်မှသာလျှင် ရေဝပ်မှုများကျဆင်း သွားမည်ဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရားအင်အား၊ လူအင်အား များကို အင်ပြည့်အားပြည့်ဖြင့် အသုံးပြုဆောင်ရွက်သွားရန်လိုကြောင်း။
- စက်ယန္တရားများရှိသည့် ဝန်ကြီးဌာနများနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့များမှ စက်ယန္တရားများ ထပ်မံထုတ်ယူ၍ ရေစီးရေလာကောင်းမွန်အောင် ရေလမ်းကြောင်း အမြန်ရှင်းလင်းရန်လိုကြောင်း။
- ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အမြန်ဆုံး ဆောင် ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပြီး ရေဘေးသင့် ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် အေးမြင့်သာယာတံတား(ဆင်သေချောင်းကူး)သို့ ရောက်ရှိကြပြီး ရေစီးအားကြောင့် တံတား ချဉ်းကပ်လမ်းမြေကာနံရံပဲ့ကျပျက်စီးနေမှုအခြေအနေများနှင့် ဆင်သေချောင်းအတွင်း သစ်ပင်၊ သစ် တုံးများ မျောပါပြီး တံတားအောက်ခြေတိုင်များတွင် ပိတ်ဆို့နေမှုများကို ဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- တံတားများနှင့် လမ်းများအားလုံး ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက် သွားရန်နှင့် လုပ်ငန်းများပိုမိုမြန်ဆန်မှုရှိစေရေး စက်ယန္တရားများကို ထိရောက်စွာ အသုံးပြု သွားရန်လိုကြောင်။
- နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရန်နှင့် ရေဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံး ရောက်ရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း။
- တိုင်ဖွန်းမုန်တိုင်း ရာဂိ၏အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြား နိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း စက်တင်ဘာလ ၁၃ ရက် နံနက် ပိုင်းမှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါ ရန် အသိပေးနှိုးဆော်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁၄-၉-၂၀၂၄)
- တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး အတွက် ယာယီပြင်ဆင်ဆောင်ရွက်နေမှုများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု များနှင့် ရေကြီးရေလျှံမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ စက်တင်ဘာလ ၁၄ ရက်တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့။
- ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်၌ ပျက်စီးသွားသည့်တံတားများ ပြန်လည်ပြုပြင် တည်ဆောက် ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ် ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျထည့်သွင်း တွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လို။
- ရေစီးရေလာ ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်မှသာလျှင် ရေဝပ်မှုများကျဆင်းသွားမည်ဖြစ် သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရားအင်အား၊ လူအင်အားများကို အင်ပြည့် အားပြည့်ဖြင့် အသုံးပြုဆောင်ရွက်သွားရန်လို။
- နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံး ရောက်ရှိရေးအတွက် လည်း ဆောင်ရွက်သွားရန်လိုကြောင်း။
- တိုင်ဖွန်းမုန်တိုင်း ရာဂိ၏အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြား နိုင်ငံများ နည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင် ရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ချိတ်ဆက်ရယူ နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လို။
Add new comment