အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO) ၏ (၆၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ စက်တင် ဘာလ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပလျက်ရှိရာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa ၏ ဖိတ်ကြားချက်အရ အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
နှစ်ပတ်လည်အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက
- မြန်မာနိုင်ငံသည် ကနဦးအဖွဲ့ဝင် (Founding Member) ဖြစ်ပြီး မြန်မာနိုင်ငံနှင့်အတူ သီရိလင်္ကာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျပန်နှင့် ယူနိုက်တက်အာရပ် စသည့်နိုင်ငံခုနစ်နိုင်ငံသည် မူလအဖွဲ့ဝင် နိုင်ငံများဖြစ်ကြောင်း။
- မြန်မာနိုင်ငံသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီဖော်ဆောင် နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ရေးဆွဲချမှတ်၍ ယင်းစီမံ ကိန်းနှင့်အညီ ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း။
- အဂတိလိုက်စားမှုကဲ့သို့သော ရာဇဝတ်မှုများနှင့် ဆက်နွှယ်သည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention against Corruption - UNCAC) ကို လက်မှတ် ရေးထိုးပြီး ပြည်တွင်းဥပဒေမူဘောင်၊ စည်းမျဉ်းစည်းကမ်း များချမှတ်၍ ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့။
အဆိုပါ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံ အဖွဲ့ (AALCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kamalinne Pinitpuvadol နှင့် ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)
- အာရှ-အာဖရိကဥပဒေအတိုင်ပင်ခံအဖွဲ့၏ (၆၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဂတိလိုက်စားမှုကဲ့သို့သော ရာဇဝတ်မှု များနှင့် ဆက်နွှယ်သည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention against Corruption - UNCAC) ကို လက်မှတ်ရေးထိုးပြီး ပြည်တွင်းဥပဒေမူဘောင်၊ စည်းမျဉ်း စည်းကမ်းများ ချမှတ်၍ ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့။
Add new comment