ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါခဲ့သည့်ပြည်ထောင်စုဝန်ကြီးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့ (၉)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေး

စက်တင်ဘာလ ၃ ရက်မှ ၆ ရက်အထိ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပပြုလုပ် သည့် (၉) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (9th Eastern Economic Forum– EEF) တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါခဲ့သည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့ သက်ဆိုင်ရာဆွေးနွေးပွဲ အစီအစဉ်များသို့ တက်ရောက်ခဲ့ပါသည်။ 

  • စက်တင်ဘာလ ၄ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်မှ Russia- ASEAN Business Dialogue အစီအစဉ်တွင်ပါရှိသည့် New contours of International cooperation ခေါင်းစဉ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့။ ။
  • စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ Cooperation In Greater Eurasia အစီအစဉ်တွင် Experience of Developing Production Chains in The EAEU, SCO And BRICS ခေါင်းစဉ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် Rosatom Renewable Energy Joint-Stock Company General Director Mr. Grigory Nazarov ဦးဆောင်သောအဖွဲ့တို့တွေ့ဆုံပြီး မြန်မာနိုင်ငံလျှပ်စစ် ကဏ္ဍနှင့်ပတ်သက် သော ကိစ္စရပ်များ ဆွေးနွေးခဲ့။
  • စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဒုတိယဝန်ကြီး Mr.Alexsei Gruzdev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံပြီး အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) စီမံကိန်း  ကို ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးကိစ္စရပ်များ၊ ဆေးဝါးထုတ်လုပ်ရေးနှင့် အခြားစက်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့။
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးခေါင်းဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့သည် ဖိုရမ်၏ဆက်စပ်အစီအစဉ်အဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် စွန့်ဦးတီထွင်သူများနှင့် ရင်းနှီး မြှုပ်နှံသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ကာ အဂတိလိုက်စားမှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေး အရေးယူ ဆောင်ရွက်လျက်ရှိပြီး ၎င်းကို တွန်းလှန်တိုက်ဖျက်ရာတွင် ကဏ္ဍအားလုံး ပူးပေါင်းပါဝင် ကြရန် ဆွေးနွေးပြောကြားခဲ့။

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဆွေးနွေးခဲ့သည့် အစီအစဉ်များသို့ လိုက်လံအားပေးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများက မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သော ကိစ္စရပ်များ၊ အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များ၊ ဆေးဝါးထုတ်လုပ်ရေးနှင့် အခြားစက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့။
  • အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်တွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဖိုရမ်၏ဆက်စပ်အစီအစဉ်အဖြစ် လက်မှတ်ရေးထိုးခဲ့။

 

 

 

 

 

 

Add new comment