နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်း အဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ-
- စက်တင်ဘာလ ၇ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာ အနီးတွင် လော်တားမောင်းနှင်လာသည့် TOYOTA HILUX REVO မော်တော်ယာဉ်ကို သတင်း အရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၀၄၇ တန်သိမ်းဆည်းရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်မည်ဖြစ်ကြောင်း သိရှိရ။
ဖမ်းဆီးရမိတရားခံအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)
- ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့နယ်မှ မိုင်းဖြတ်မြို့ နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ။
Add new comment