၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-

  • ဩဂုတ်လ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၁၇.၇၅ ကီလို၊ ဘိန်းဖြူ ၄၈.၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈,၁၃၄,၆၆၅ ပြား၊ အိုက်စ် ၁,၂၀၀.၆ ကီလို၊ ဆေးခြောက် ၁၁၆.၀၃ ကီလို၊ ဆေးခြောက်ပင် ၅ ပင်၊ ဘိန်းဆီခဲ ၃.၃၇ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၀၀၅ ကီလို၊ ဘိန်းစာမှုန့် ၂၁.၆၈ ကီလို၊ ဘိန်းရည် ၁ လီတာ၊ ဘိန်းစာရွက် ၂၃၄.၈၉ ကီလို၊ အက်တက်စီ ဆေးပြား ၅,၅၂၈ ပြား၊ အယ်ပရာဇိုလမ်ဆေးပြား ၃၆၀ ပြား၊ ဒိုင်ယာဇီပမ်ထိုးဆေး ၃၀၀ ပုလင်း၊ ထရာမဒေါလ်ဆေးတောင့် ၁၉၇,၅၀၀ တောင့်၊ ထရာမဒေါလ်ထိုးဆေး ၆၀၀ ပုလင်း၊ Fentanyl ထိုးဆေး ၁၃၀ ပုလင်း၊ ကတ်တမင်း ၈၅၀.၃၄ ကီလို၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ Happy Water ၁၅.၄၈၃ ကီလို၊ ကဖင်း ၁၄.၁၆၅ ကီလို၊ Ammonium Nitrate ၄၂,၄၈၀ ကီလို၊ Ammonium Chloride ၂,၃၅၀ ကီလို၊ Thionyl Chloride ၂,၃၅၀ ကီလို၊ Caustic Acid Monohydrate ၄,၅၀၀ ကီလို၊  Caustic Soda ၆၀,၀၀၀ ကီလို၊ Propiophenone ၄,၄၂၀ လီတာ၊ ဓာတုဆေးမှုန့် ၁၅,၅၀၀ ကီလိုနှင့် အရောင်တင်မှုန့် ၁ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၅၃,၆၁၅.၉၉၅ (US$ ၁၆.၁ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင် ခဲ့ပြီး တရားခံအမျိုးသား ၅၄၁ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်းတရားခံ ၆၂၂ ဦး ဖမ်းဆီးရမိ ခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ် ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)

  • ဩဂုတ်လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၅၃,၆၁၅.၉၉၅ (US$ ၁၆. သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၅၄၁ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်းတရားခံ ၆၂၂  ဦးတို့အား ဖမ်းဆီးရမိခဲ့။

 

 

 

Add new comment