ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်များ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

          ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တို့သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် အဖွဲ့အား စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင်   ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမတို့၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

  • ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့တို့သည်  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ် ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ အကြမ်းဖက်လုပ်ငန်းများနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီးနှိမ်နင်းနိုင်ရေး၊ တရားဝင် MoU အလုပ်သမား များအား ဥပဒေအကာအကွယ်ပေးနိုင်ရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့
  • မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်မှု အား ကောင်းစေရေး၊ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ စားသောက် ကုန်၊ လူသုံးကုန်ပစ္စည်းများ အပါအဝင်ပို့ကုန်၊ သွင်းကုန်ကဏ္ဍအတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အဆင်ပြေချောမွေ့စေရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ထိုင်းနိုင်ငံသံရုံးတို့မှ တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)

  • ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်များ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်လုပ်ငန်း များနှင့် တရားမဝင်ကုန်သွယ်မှုများ တားဆီးနှိမ်နင်းနိုင်ရေး၊ တရားဝင် MoU အလုပ်သမားများ အား ဥပဒေအကာအကွယ်ပေးနိုင်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့။

 

 

 

 

 

 

 

 

Add new comment