နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား စက်တင်ဘာလ ၁၀ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လက်ရှိပူးပေါင်းဆောင် ရွက်လျက်ရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစီမံကိန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပင်လယ်ကူးသင်္ဘောဝန်ထမ်း များ လေ့ကျင့်သင်ကြားရေးနှင့် အလုပ်အကိုင်ရရှိရေး၊ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်း ရေး၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးနှင့် နည်းပညာမျှ ဝေရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များ၊ Shanghai Cooperation Organization (SCO) အဖွဲ့ဝင်နိုင်ငံများနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တိုင်းရင်းဆေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းဆေးတက္ကသိုလ်များအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင် ရေးကိစ္စရပ်များ၊ နှလုံးဆေးပညာနှင့် နှလုံးသွေးကြောခွဲစိတ်မှုလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အခြေခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး ပင်လယ်ကူးသင်္ဘောဝန်ထမ်းများ လေ့ကျင့်သင်ကြားရေးနှင့် အလုပ်အကိုင်ရရှိရေး၊ လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းရေး၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ရေးနှင့် နည်းပညာမျှဝေရေးကိစ္စရပ်များ၊ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့။
Add new comment