နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ-
- ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍတွင် ပြည်ပ သို့ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် ၆၃၇ ဒသမ ၈၂ တန်တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ၂၇ တန်တင်ပို့ခဲ့ရာ စုစုပေါင်း ၆၆၄ ဒသမ ၈၂ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၇ သန်း ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန် ကွဲတန်ချိန် ၇၁၀,၀၀၀ ကျော်တင်ပို့ခဲ့ခြင်းဖြစ်ကာ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၅၃ သန်းကျော် ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ ငါးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၆၅,၆၁၁ ဒသမ ၉၆ တန်တင် ပို့ပြီး အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၆၄၃ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၅၉,၁၈၁ ဒသမ ၇၁၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၀၈၈ သန်းရရှိသည့် အတွက် စုစုပေါင်းငါးမက်ထရစ်တန် ၁၂၄,၇၉၃ ဒသမ ၆၇၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၇၃၁ သန်းရရှိခဲ့။
- ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၅၉,၈၈၅ ဒသမ ၂၃၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၂၅၃ သန်းရရှိခဲ့သဖြင့် ယခုဘဏ္ဍာနှစ် တွင် ၆၄,၉၀၈ ဒသမ ၄၃၇ တန် ပိုမိုတင်ပို့နိုင်ကာ ၆၃ ဒသမ ၄၇၈ သန်း ပိုမိုရရှိခဲ့။
တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက် တိုက်ခိုက်မှုကြောင့် ရပ်ဆိုင်းနေသော်လည်း ပင်လယ်ရေကြောင်းလမ်းမှ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)
- ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ် ရေးမှ ပျားရည်မက်ထရစ်တန် ၆၃၇ ဒသမ ၈၂ တန်တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ၂၇ တန်တင်ပို့ခဲ့ရာ စုစုပေါင်း ၆၆၄ ဒသမ ၈၂ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၇ သန်း ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန် ကွဲတန်ချိန် ၇၁၀,၀၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ကာ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၅၃ သန်းကျော် ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ ငါးလတာကာလအတွင်း ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် စုစုပေါင်းငါးမက်ထရစ်တန် ၁၂၄,၇၉၃ ဒသမ ၆၇၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၇၃၁ သန်းရရှိခဲ့။
Add new comment