တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော တပ်မတော်က စစ်ကိုင်းနှင့် မန္တလေးမြို့တို့တွင် ပေါ်တာဆွဲခံရသော လူငယ်များကို ခိုလမ်နှင့် နမ့်စန်မြို့တို့သို့ ပို့ဆောင် လျက်ရှိဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် စစ်မှုထမ်း ဆောင်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်မှုထမ်း ဆောင်ရန် လူငယ်များအား အတင်းအဓမ္မပေါ်တာဆွဲနေဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ်လအတွင်း စစ်ရာဇဝတ်မှုပေါင်း ၃၀၀ ကျော်ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါ ကဲ့သို့ မည်သည့်အခါမျှလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ အကြမ်း ဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့မှုများအား မျက်ကွယ်ပြု၍ တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ရေတာရှည်မြို့နယ်ရှိ ကျေးရွာအချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများအတွင်း ဒရုန်းဖြင့်လည်းကောင်း၊ ဗုံးကြဲခြင်းဖြင့်လည်းကောင်း နှောင့်ယှက်တိုက် ခိုက်ခဲ့ခြင်းလုံးဝမရှိကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့်နေ့ မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)
- တပ်မတော်က စစ်ကိုင်းနှင့် မန္တလေးမြို့တို့တွင် ပေါ်တာဆွဲခံရသော လူငယ်များကို ခိုလမ်နှင့် နမ့်စန်မြို့တို့သို့ ပို့ဆောင်လျက်ရှိဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး စစ်မှုထမ်း ဆောင်ရန် လူငယ်များအား အတင်းအဓမ္မပေါ်တာဆွဲနေဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရ။
- လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ်လအတွင်း စစ်ရာဇဝတ်မှုပေါင်း ၃၀၀ ကျော်ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး တပ်မတော် အနေဖြင့် အဆိုပါကဲ့သို့ မည်သည့်အခါမျှလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- ရေတာရှည်မြို့နယ်ရှိ ကျေးရွာအချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
Add new comment