နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၂၀၂၄ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဖိုရမ်တက်ရောက် နိုင်ရေးအတွက် စက်တင်ဘာလ ၈ ရက်တွင် တရုတ်ပြည်သ သမ္မတနိုင်ငံသို့သွားရောက်ခဲ့ပါသည်။
- စက်တင်ဘာလ ၉ ရက်တွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ သည် ဟိုင်ကျိုး (Haizhou) Bayview Conference Center ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲ အခမ်းအနားနှင့်ဖိုရမ်သို့ တက်ရောက်ခဲ့။
- ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးမစ္စတာ ဝမ်ရှောင်ဟုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့။
- မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ထူထောင်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် တရုတ်ယွမ် ၅ သန်းတန်ဖိုးရှိ ရဲလုပ်ငန်း ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေးစာလွှာတို့အား နှစ်နိုင်ငံ ဝန်ကြီး များက လက်မှတ်ရေးထိုးလဲလှယ်ခဲ့။
- လျန်ယွင်ကန်မြို့ရှိ ရဲလုပ်ငန်းခွင်ဆိုင်ရာပစ္စည်းကိရိယာများနှင့် နည်းပညာပြပွဲသို့ သွားရောက်လေ့လာခဲ့။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကာလရှည်ကြာအကြမ်းဖက်မှုများနှင့် ပဋိပက္ခများကိုဖြစ်ပေါ်စေသော ရာဇဝတ်ဂိုဏ်းအုပ်စုများအား နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရေး၊ ပြည်သူတို့၏အသက်အိုးအိမ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေး၊ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွတိုက်ဖျက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရ မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးမစ္စတာ ဝမ်ရှောင်ဟုန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် တရုတ်ယွမ် ၅ သန်းတန်ဖိုးရှိ ရဲလုပ်ငန်း ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေးစာလွှာတို့အား နှစ်နိုင်ငံ ဝန်ကြီး များက လက်မှတ်ရေးထိုးလဲလှယ်ခဲ့။
Add new comment