နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross – ICRC) ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross – ICRC) ဥက္ကဋ္ဌ Ms. Mirjana Spoljaric Egger ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာလ ၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါဝပြု တွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အကူအညီလိုအပ်လျက်ရှိသည့် ပြည်သူများလက်ဝယ်သို့ လိုအပ်သည့် ကူညီထောက်ပံ့မှုများ အမှန် တကယ်ရောက်ရှိစေရေးနှင့် မသက်ဆိုင်သည့်အဖွဲ့အစည်းများထံသို့ မရောက်ရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများ၊ တပ်မတော်အနေဖြင့် ဂျီနီဗာ ကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူတို့တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross – ICRC) ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၉-၂၀၂၃)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်း နှင့်အညီ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

 

 

 

 

 

 

 

 

Add new comment