ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေး မှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်အထိ ကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စက်တင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။

အဆိုပါခရီးစဉ်တွင် ဒုတိယဝန်ကြီးချုပ်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာထမ်းများလည်း အဖွဲ့ဝင်များအဖြစ် လိုက်ပါ၍ ဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများအကြား ဆက်သွယ်မှုထူထောင်ရန်နှင့် မြှင့်တင်ရန်၊ ရုရှားအရှေ့ဖျား ဒေသ၏ စီးပွားရေးအလားအလာများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်အထူးစီးပွားရေးဇုန်များရှိ စီးပွားရေးအခြေအနေများကို သုံးသပ်ဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ အဆိုပါအစည်းအဝေး တွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ  မစ္စတာဗလာဒီမာပူတင်က ဒေသတွင်းစွမ်းအင်နှင့် ပို့ဆောင်ရေး အခြေခံအဆောက်အဦကဏ္ဍများကို မြှင့်တင်ရန်၊ စက်မှုကဏ္ဍနှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရန် အတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးမှုကို ပိုမိုဆောင် ရွက်ရန်နှင့်  Trans-Siberian Railway & the Baikal-Amur Mainline ကဲ့သို့သော ပို့ဆောင်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်-

  • စက်တင်ဘာလ ၃ ရက်တွင် ရုရုားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Valerievich KARA-OOL ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံခရီးသွားများ ပိုမိုလည်ပတ်နိုင်ရေးကိစ္စရပ်များ။
  • စက်တင်ဘာလ ၄ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr . Maxim Reshetnikov ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး စတုတ္ထအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကော်မရှင်အစည်း အဝေး၏ အစည်းအဝေးမှတ်တမ်းအရ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍအတွက် အရေးကြီးသည့် ပူးပေါင်း ဆောင်ရွက်မှုတစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံ၌ ရွက်ဖျန်းအားဆေးရည်ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရေးနှင့်သက်ဆိုင်သည့် ပူးပေါင်းဆောင် ရွက်မှုစာချွန်လွှာ (MoC) လက်မှတ်ရေးထိုး ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့။
  • စက်တင်ဘာလ ၆ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံအရှေ့ဖျားဒေသ၏ ဖက်ဒရယ်စိုက်ပျိုး ရေးဆိုင်ရာ ဇီဝနည်းပညာသိပ္ပံစင်တာလက်အောက်ရှိ ပရီမော့စကီးစိုက်ပျိုးရေး သုတေသန သိပ္ပံသို့ သွားရောက်လေ့လာခဲ့။

စက်တင်ဘာလ ၈ ရက်တွင် ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၄)

  • (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံခရီးသွားများ ပိုမိုလည်ပတ်နိုင်ရေး ကိစ္စရပ်များ၊ ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုကော်မရှင်အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းအရ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံအရှေ့ဖျားဒေသ၏ ဖက်ဒရယ်စိုက်ပျိုး ရေးဆိုင်ရာ ဇီဝနည်းပညာသိပ္ပံစင်တာလက်အောက်ရှိ ပရီမော့စကီးစိုက်ပျိုးရေးသုတေသနသိပ္ပံသို့ သွားရောက်လေ့လာခဲ့။

 

 

 

 

 

Add new comment