ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ အကျုံးဝင်သည့် တည်ဆဲနိုင်ငံရေးပါတီ ၉၀ ပါတီအနက် သတ်မှတ်ကာလ ရက်ပေါင်း ၆၀ ပြည့်မြောက်သည့် ၂၈-၃-၂၀၂၃ ရက်နေ့အထိ ဆက်လက် တည်ထောင်၊ မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ ပါတီက လျှောက်ထားခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားသည့် ပါတီ ၅၀ ပါတီ နှင့် ပုဒ်မ ၃ အရ အသစ်လျှောက်ထားသည့်ပါတီ ၁၇ ပါတီဖြစ်၍ စုစုပေါင်း ၆၇ ပါတီ ရှိပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၁၉) လမ်း၊ အိမ်အမှတ်(၁၆)တွင် ပါတီ ရုံးချုပ်ဖွင့်လှစ်ထားရှိသော မွန်ညီညွတ်ရေးပါတီ(Mon Unity Party) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၉ ရက်တွင် ကြေညာခဲ့ပါသည်။ မွန်ညီ ညွတ်ရေးပါတီ(Mon Unity Party) ၏ မှတ်ပုံတင်အမှတ်မှာ (၅၂) ဖြစ်ပါသည်။
ထို့ကြောင့် စက်တင်ဘာလ ၁၀ ရက်အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၂ ပါတီဖြစ်ပြီး ယင်း ၅၂ ပါတီအနက် မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့် ၂ ပါတီရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၀ ပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၃ ပါတီ၊ တည်ထောင်ခွင့်ပြုပြီး မှတ်ပုံတင်ခွင့်လျှောက်ထားရန် ၁ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၈ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီ တို့ဖြစ်ကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၉-၂၀၂၄)
- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မွန်ညီညွတ်ရေးပါတီ(Mon Unity Party) ကို စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့။
- စက်တင်ဘာလ ၁၀ ရက်အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၂ ပါတီဖြစ်ပြီး ယင်း ၅၂ ပါတီ အနက် မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့် ၂ ပါတီရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၀ ပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၃ ပါတီ၊ တည်ထောင်ခွင့်ပြုပြီး မှတ်ပုံတင်ခွင့်လျှောက်ထားရန် ၁ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၈ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီ တို့ဖြစ်။
Add new comment