လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၁)ကြိမ် မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 21st ASEAN Chiefs Of Defence Forces Meeting (ACDFM-21) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) တက်ရောက်ရန် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်တွင် သွားရောက်ခဲ့ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သောမြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone မှ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပြီး ညပိုင်းတွင် ဗီယင်ကျန်းမြို့ Latsavong Wanda Vista Hotel ၌ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone က တည်ခင်းဧည်ခံသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအထိမ်းအမှတ် ကြိုဆိုညစာစားပွဲ အခမ်းအနားသို့ တက် ရောက်ခဲ့ပါသည်။
စက်တင်ဘာလ ၅ ရက်တွင် ဗီယမ်ကျန်းမြို့ရှိ Latsavong Wanda Vista Hotel ၌ ကျင်းပခဲ့သည့် (၂၁)ကြိမ် မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 21st ASEAN Chiefs Of Defence Forces Meeting (ACDFM-21) တွင်-
- တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့ အတွက် လက်တွဲဆောင်ရွက်ခြင်း(ASEAN- Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးပါဝင်ဆွေးနွေးခဲ့။
- ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက အာဆီယံ၏ အဓိကရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို တွန်းအားပေးမီးမောင်းထိုးပြနေသည့် “အာဆီယံ-ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း (ASEAN-Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေးခဲ့။
- ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးသည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee၊ ဗီယက်နမ်အမျိုးသား ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Nguyen Tan Cuong နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Vong Pisen တို့နှင့် သီးခြားစီ Bilateral Meeting များ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
စက်တင်ဘာလ ၃ ရက်တွင် အဆိုပါဟိုတယ်၌ ပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 14th ASEAN Military Operations Meeting (14th AMOM) အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များကလည်းကောင်း၊ (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (21st ASEAN Military Intelligence Meeting- 21st AMIM) သို့ မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များကလည်းကောင်း အသီးသီးပါဝင်တက်ရောက်ခဲ့ပါသည်။
(၂၁)ကြိမ် မြောက် အစည်းအဝေးတွင် (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေး (22nd ACDFM) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး၏ အလံ (ACDFM Flag) တို့ကို လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းနှင့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၉-၂၀၂၄)
- (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေး တို့အတွက် လက်တွဲဆောင်ရွက်ခြင်း(ASEAN- Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးပါဝင်ဆွေးနွေးခဲ့။
- မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက အာဆီယံ၏ အဓိကရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို တွန်းအားပေးမီးမောင်းထိုးပြနေသည့် “အာဆီယံ-ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း (ASEAN-Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေးခဲ့။
- ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးသည် ဗီယက်နမ်ပြည်သူ့ တပ်မတော်စစ်ဦးစီးအရာရှိချုပ်နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် သီးခြားစီ Bilateral Meeting များ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
Add new comment