နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၇ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့သို့ သွားရောက်၍ ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များဆောက်လုပ်လျက်ရှိမှု၊ အဆောက်အဦများဆောက်လုပ် လျက်ရှိမှု၊ ဘောလုံးကွင်းတည်ဆောက်နေမှုအခြေအနေများနှင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက် ပျိုးပွဲများတွင် စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းလျက်ရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော်ဗုဒ္ဓဂယာ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ မုစလိန္ဒာ ရေအိုင်နှင့် နဂါးရုံဘုရား၊ ဣသိပတန မိဂဒါဝုန်တော၊ အင်ကြင်းတော၊ လုမ္ဗိနီဥယျာဉ်တော်နှင့် ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက်၊ ဝဇီရာဓမ္မဇောတိကာသိမ်တော်ကြီးတို့သို့ သွားရောက်၍ စေတီ တော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး လိုအပ် သည်များမှာကြားကာ ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၉-၂၀၂၄)
- နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့သို့ သွားရောက်၍ စာသင်ဆောင်များဆောက်လုပ်လျက်ရှိမှု၊ အဆောက်အဦများ ဆောက်လုပ်လျက်ရှိမှု၊ ဘောလုံးကွင်းတည်ဆောက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့။
Add new comment