နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို စက်တင်ဘာလ ၇ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးခဲ့ပါသည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊  ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-

  • သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိသက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး စသည့် တိုက်ရိုက်အကျိုးကျေးဇူး များနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း။
  • ရေချိုအရင်းအမြစ်များဖြစ်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ဆည်တာတမံများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသရှိ သစ်ပင်သစ်တောများကို ထိန်းသိမ်းရန် လိုအပ်ကြောင်း။
  • လတ်တလောကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုများသည် ရေဝေရေလဲသစ်တောများ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးပျက်စီးခြင်း၊ နုန်းအနည်အနှစ်များ ပို့ချမှုများခြင်း၊ ရေစီးရေလာများ ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ပျက်စီးခြင်း၏ အကျိုးဆက်များပင် ဖြစ်ကြောင်း။
  • ယခုနှစ်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကို လေ့လာ ကြည့်ပါက ယခင်ကတစ်ခါတစ်ရံသာ ရေကြီးခဲ့သည့်မြို့များ၌ ယခုအခါ နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများ ကြုံတွေ့လာရသည်ကို တွေ့ရကြောင်း။
  • သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီး သည်မှာ လူသားများပင်ဖြစ်ကြောင်း၊
  • လူသာလျှင် ပဓာနဖြစ်သည့်အတွက် သဘာဝသစ်တောများ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ တောနိမ့်တောပါးနေရာများတွင် သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ ရေဝေရေလဲ ဧရိယာများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားကြမယ်ဆိုရင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကာကွယ်လျော့ချသွားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကံ့ကော်ပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာကြသူများက မိမိတို့သတ်မှတ်နေရာများအသီးသီးတွင် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးခဲ့ကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။

စက်တင်ဘာလ ၇ ရက်တွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၃,၀၀၀ ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်အထိ နိုင်ငံအဆင့် နေပြည်တော်တွင် သစ်ပင်စိုက်ပွဲတော် ၁၀ ကြိမ်၊ စိုက်ပင်ပေါင်း ၁၇,၆၇၇ ပင်၊ နိုင်ငံနှင့်အဝန်း သစ်ပင်စိုက်ပွဲတော် ၁,၅၈၄ ကြိမ်၊ စိုက်ပင်ပေါင်း ၁ ဒသမ ၁၃၈ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင် စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိရာ၌ ၂၀၂၄ ခုနှစ် အပါအဝင် နိုင်ငံအဝန်း သစ်ပင်ပေါင်း ၂၂ ဒသမ ၈၅၆ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၉-၂၀၂၄)

  • သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိသက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး စသည့် တိုက်ရိုက်အကျိုးကျေးဇူး များနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိ။
  • သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီး သည်မှာ လူသားများပင်ဖြစ်။
  • လူသာလျှင် ပဓာနဖြစ်သည့်အတွက် သဘာဝသစ်တောများ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ တောနိမ့်တောပါးနေရာများတွင် သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ ရေဝေရေလဲဧရိယာ များတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားကြမယ်ဆိုရင် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကာကွယ်လျော့ချ သွားနိုင်မည်ဖြစ်။
  • စက်တင်ဘာလ ရက်တွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ,၀၀၀ ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ရက်အထိ နိုင်ငံအဆင့် နေပြည်တော်တွင် သစ်ပင်စိုက်ပွဲတော် ၁၀ ကြိမ်၊ စိုက်ပင်ပေါင်း ၁၇,၆၇၇ ပင်၊ နိုင်ငံနှင့်အဝန်း သစ်ပင်စိုက်ပွဲ တော် ,၅၈၄ ကြိမ်၊ စိုက်ပင်ပေါင်း ဒသမ ၁၃၈ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်။

Add new comment