နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင်-

  • သန်းခေါင်စာရင်းလုပ်ငန်းစီမံကိန်းတစ်ခုလုံးအောင်မြင်စေရန် အသေးစိတ်စီမံချက်ရေးဆွဲပြီး လုပ်ငန်းစဉ်တစ်ဆင့်ချင်းအလိုက် လုပ်ငန်းအချိန်ဇယား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အဆိုပါလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ () ရက် ကစပြီး (၃၆) လကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း။
  • ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်မည်ဆိုပါက GIS နည်း ပညာနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်း၊ CAPI စနစ်တည်ဆောက်ခြင်းနှင့် Application ရေးသားခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များခန့်ထားခြင်း၊ Mobile Tablet နှင့် ဆက်စပ် ပစ္စည်းများ၊ စာရင်းစစ်၊ စာရင်းကောက် အသုံးအဆောင်ပစ္စည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ ပေးပို့ခြင်းစသည့် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း။
  • မြေပြင်တွင် သန်းခေါင်စာရင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ကြီးကြပ်ရမည့် သန်းခေါင်စာရင်း ကော်မတီ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေဆဲဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ရက်နေ့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်း အထိမ်းအမှတ်အဖြစ် ပြောကြားခဲ့သည့် မိန်းခွန်းထဲတွင်နိုင်ငံတော်၏ အနာဂတ်၊ ပြည်သူများ၏မျှော်လင့်ချက်၊ လိုအပ်ချက်များကို ပုံဖော်ပေးနိုင်မည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူး ပေါင်းပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရကြောင်း။
  • ယခုအခါ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ များ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် သန်းခေါင်စာရင်းသင်တန်းများကို တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်စသည်ဖြင့် အချိန်ဇယားအတိုင်း အဆင့်ဆင့် ဖွင့်လှစ်နေကြပြီး သင်တန်းပြီးဆုံးပါက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ရက်တွင် နိုင်ငံတစ်ဝန်း မြေပြင်ကွင်းဆင်းစတင်ကောက် ယူသွားမည်ကို အသိပေးလိုကြောင်း။
  • သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို အောက်တိုဘာ () ရက်မှ (၁၅) ရက်အထိ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြမည်ဟု အပြည့်အဝယုံကြည်ကြောင်း။
  • တိကျမှန်ကန်ပြီး အရည်အသွေးပြည့်ဝသည့် သန်းခေါင်စာရင်းအချက်အလက်များ ရရှိစေ ရန် သန်းခေါင်စာရင်းကောက်ယူမည့် ကာလအတွင်းတွင် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကွပ်ကဲမှု၊ သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်၏ အနီးကပ်ကြီးကြပ်မှု၊ စာရင်းစစ်၊ စာရင်းကောက်များ၏ ကြိုးစား အားထုတ်မှုများအပေါ်တွင် ရာနှုန်းပြည့်မူတည်နေပြီး ပြည်သူများကလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန်ပြောကြားလိုကြောင်း။
  • သန်းခေါင်စာရင်းကို နိုင်ငံတစ်ဝန်း တစ်ပြိုင်တည်း ကောက်ယူနေစဉ်တွင်လည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူများအနေဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေသည့် စာရင်းစစ်၊ စာရင်းကောက်များ၏ နည်းပညာပိုင်းနှင့် ဘာသာ ရပ်ပိုင်းဆိုင်ရာ အခက်အခဲများကို ချက်ချင်းကူညီဖြေရှင်းပေးနိုင်ရေး ပြင်ဆင်ထားရန်လို ကြောင်း။
  • ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် အချိန် ကာလအားဖြင့် ၂၄ ရက်သာ ကျန်ရှိပြီး သန်းခေါင်စာရင်းကောက်ယူရမည့် ကာလကို (၁၅) ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ်ရေး အခြေအနေများအရ ရက်တိုးမြှင့် ကောက်ယူရန်လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများက တင်ပြဆောင်ရွက်ရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း။
  • အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကသန်းခေါင် စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အတတ် နိုင်ဆုံးရသည့်နေရာများတွင် သတ်မှတ်ချက်အတိုင်း ကောက်ယူရန်နှင့် မကောက်ယူနိုင်သည့် နေရာများတွင် လုံခြုံရေးများထပ်မံချထားပြီး ကာလသတ်မှတ်၍ မြေပြင်အမှန် ရသမျှ ကောက်ယူရန်ဟုလမ်းညွှန်ထားပြီးဖြစ်သောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ရန်နှင့် ရှေ့ပြေးစာရင်းထုတ်ပြန်မည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ ရနိုင်သမျှအပြီး ကောက်ယူရန်မှာကြားလိုကြောင်း။
  • သန်းခေါင်စာရင်းလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကလည်း မဖြစ်မနေလိုအပ်ခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေများအရ မြေပြင်တွင်အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမည်ဖြစ် သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လွှမ်းခြုံနိုင်ရန်၊ တစ်ယောက်မကျန် စာရင်း ကောက်ယူနိုင်ရန်၊ မေးမြန်းသမျှအပေါ်တွင်လည်း မှန်ကန်စွာဖြေကြားကြရန်နှင့် လိုအပ် သည့် ကိန်းဂဏန်းအချက်အလက်များရရှိစေရန် ပါဝင်ဆောင်ရွက်ကြမည့် တာဝန်ရှိသူများ၊ ပြည်သူများအနေဖြင့် ကြုံတွေ့ရမည့်အခက်အခဲနှင့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။
  • တိကျမှန်ကန်သည့် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။
  • ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် ရက်ပိုင်း သာလိုပြီး လုပ်ငန်းကြီးသည် ငွေအင်အား၊ လူအင်အား၊ ကျွမ်းကျင်မှုအားများ လိုအပ် သကဲ့သို့ စေတနာအား၊ စိတ်ဓာတ်ခွန်အားများလည်းလိုအပ်ကြောင်း။
  • ယခု ဆောင်ရွက်မည့်လုပ်ငန်းသည် နိုင်ငံတကာ အကူအညီမပါဘဲ မိမိတို့၏ကိုယ်ပိုင် အင်အားနှင့် စွမ်းဆောင်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မှတ်ကျောက်တင်နိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း လက်တွဲဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူ များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ထား ရှိမှု၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပင်မသန်းခေါင်စာရင်းမကောက်ယူမီ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခဲ့မှု၊ စာရင်းစစ်၊ စာရင်းကောက်များ ခန့်အပ်ထားရှိမှု၊ နည်းပြ သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့မှု၊ သန်းခေါင်စာရင်း အကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရေးဆောင်ရွက်နေမှုနှင့် သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်မှ ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြချက် များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၇-၉-၂၀၂၄)

  •  သန်းခေါင်စာရင်းလုပ်ငန်းစီမံကိန်းတစ်ခုလုံးအောင်မြင်စေရန် အသေးစိတ်စီမံချက်ရေးဆွဲပြီး လုပ်ငန်းစဉ်တစ်ဆင့်ချင်းအလိုက် လုပ်ငန်းအချိန်ဇယား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အဆိုပါလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ () ရက် ကစပြီး (၃၆) လကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကြာမီပြီးစီးတော့မည်ဖြစ်
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၄ ခုနှစ် စက်တင် ဘာလ ရက်နေ့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ်အဖြစ် ပြောကြားခဲ့သည့် မိန်းခွန်းထဲတွင်နိုင်ငံတော်၏ အနာဂတ်၊ ပြည်သူများ၏မျှော်လင့်ချက်၊ လိုအပ်ချက်များကို ပုံဖော်ပေးနိုင်မည့် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်တိုက်တွန်းနှိုးဆော်ထား။
  • သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်း ကို အောက်တိုဘာ () ရက်မှ (၁၅) ရက်အထိ ဆောင်ရွက်ကြရမည်ဖြစ်။
  • သန်းခေါင်စာရင်းကို နိုင်ငံတစ်ဝန်း တစ်ပြိုင်တည်း ကောက်ယူနေစဉ်တွင်လည်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူများအနေဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေသည့် စာရင်းစစ်၊ စာရင်းကောက်များ၏ နည်းပညာပိုင်းနှင့် ဘာသာရပ် ပိုင်းဆိုင်ရာ အခက်အခဲများကို ချက်ချင်းကူညီဖြေရှင်းပေးနိုင်ရေး ပြင်ဆင်ထားရန်လို။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တို ဘာလ () ရက်နေ့မှ (၁၅) ရက်နေ့အထိ အတတ်နိုင်ဆုံးရသည့်နေရာများတွင် သတ်မှတ်ချက် အတိုင်း ကောက်ယူရန်နှင့် မကောက်ယူနိုင်သည့် နေရာများတွင် လုံခြုံရေးများထပ်မံချထားပြီး ကာလသတ်မှတ်၍ မြေပြင်အမှန် ရသမျှ ကောက်ယူရန်ဟုလမ်းညွှန်ထားပြီးဖြစ်။
  • သန်းခေါင်စာရင်းလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုကလည်း မဖြစ်မနေလိုအပ်ခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေများအရ မြေပြင်တွင်အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမည်ဖြစ်။
  • သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လွှမ်းခြုံနိုင်ရန်၊ တစ်ယောက်မကျန် စာရင်း ကောက်ယူနိုင်ရန်၊ မေးမြန်းသမျှအပေါ်တွင်လည်း မှန်ကန်စွာဖြေကြားကြရန်နှင့် လိုအပ်သည့် ကိန်းဂဏန်းအချက်အလက်များရရှိစေရန် ပါဝင်ဆောင်ရွက်ကြမည့် တာဝန်ရှိသူများ၊ ပြည်သူ များအနေဖြင့် ကြုံတွေ့ရမည့်အခက်အခဲနှင့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်သွား ကြရန်လို။
  • ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် ရက်ပိုင်းသာလိုပြီး လုပ်ငန်းကြီးသည် ငွေအင်အား၊ လူအင်အား၊ ကျွမ်းကျင်မှုအားများ လိုအပ်သကဲ့သို့ စေတနာအား၊ စိတ်ဓာတ်ခွန်အားများလည်းလိုပြီးယခု ဆောင်ရွက်မည့်လုပ်ငန်းသည် နိုင်ငံတကာ အကူအညီမပါဘဲ မိမိတို့၏ကိုယ်ပိုင် အင်အားနှင့် စွမ်းဆောင်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မှတ်ကျောက် တင်နိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း လက်တွဲ ဆောင်ရွက်ကြရန်လို။

Add new comment