ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုမဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အဆင့် မြှင့်မွမ်းမံထားသည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို စက်တင်ဘာလ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက-
- ကော်မရှင်အနေဖြင့် CVLMS စနစ်နှင့်ပတ်သက်၍ အတွေ့အကြုံများ၊ အကြံဉာဏ်များကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခဲ့ပြီး အဆိုပါအလုပ်ရုံ ဆွေး နွေးပွဲများ မှရရှိသည့် အကြံပြုချက်များအရ CVLMS စနစ်အဆင့်မြှင့်တင်ခြင်းကို ဆောင် ရွက်ခြင်းဖြစ်ကြောင်း။
- ယခုလို ဆောင်ရွက်ခြင်းဖြင့် Admin and DEO Software နှင့် CVLMS စနစ်ကို မဲစာရင်း များပြုစုရာတွင် မဲဆန္ဒနယ်များအလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများအတွက် မဲဆန္ဒရှင်စာရင်းများနှင့် ရွေးကောက်ပွဲတစ်ရပ်၏ အချက်အလက်များကို အလွယ်တကူ သတ်မှတ်ပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင် ခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းများကို မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ မဲရုံများလွယ်ကူစွာသတ်မှတ်နိုင်ခြင်း၊ မဲစာရင်းတွင် အသက် ၁၈ နှစ် မပြည့်သေးသူများ၊ သေဆုံးသူများ မပါဝင်စေရန်နှင့် မဲစာရင်းများ မထပ် စေရန် စိစစ်ဆောင်ရွက်နိုင်ခြင်းတို့အပြင် FPTP ၊ PR ရွေးကောက်ပွဲစနစ် နှစ်မျိုး လုံးတွင် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ပါမောက္ခချုပ် ဒေါက်တာ အိအိလှိုင်နှင့် ပါမောက္ခ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၇-၉-၂၀၂၄)
- ကော်မရှင်အနေဖြင့် CVLMS စနစ် အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် Admin and DEO Software နှင့် CVLMS စနစ်ကို မဲစာရင်းများပြုစုရာတွင် မဲဆန္ဒနယ်များအလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများအတွက် မဲဆန္ဒရှင်စာရင်းများနှင့် ရွေးကောက်ပွဲတစ်ရပ်၏ အချက်အလက် များကို အလွယ်တကူသတ်မှတ်ပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်း ကြားနိုင်ခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းများကို မှန်ကန်ပြည့်စုံ အောင် နည်းပညာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ မဲစာရင်းတွင် အသက် ၁၈ နှစ် မပြည့်သေးသူများ၊ သေဆုံးသူများ မပါဝင်စေရန်နှင့် မဲစာရင်းများ မထပ်စေရန် စိစစ်ဆောင်ရွက်နိုင်ခြင်းတို့အပြင် FPTP ၊ PR ရွေးကောက်ပွဲစနစ် နှစ်မျိုးလုံးတွင် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်။
Add new comment