ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်အား စက်တင်ဘာလ ၆ ရက်တွင် သက်ဆိုင် ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ပေါင်းစည်းဆက်နွှယ်မှုစီမံကိန်းများအပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိမည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့်နိုင်ငံတကာရေး ရာ အကျိုးတူကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် သာသနာရေး နှင့် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ပညာတော်သင်များ အပြန်အလှန်စေလွှတ်ရေးနှင့် အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်သည့် Field School of Archaeology တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သင်တန်းသား နှစ်ဦးခန့်နှင့် ပြတိုက်ပညာမဟာဘွဲ့သင်တန်း အတွက် သင်တန်းသားနှစ်ဦးခန့် နှစ်စဉ်ခေါ်ယူရေး၊ Information Technology (IT)၊ Computer Science နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ Myanmar Institute of Information Technology (MIIT) ကျောင်းသားများကို အိန္ဒိယနိုင်ငံတွင် မဟာဘွဲ့ရယူရေး သင်တန်းသားနှစ်ဦးကို နှစ်စဉ် ခေါ်ယူရေး၊ Archaeological Survey of India (ASI) မှ ဆောင်ရွက်နေသည့် ပုဂံစေတီပုထိုး များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ မူလရည်မှန်းထားသည့် လျာထားချက်အတိုင်း ၂၀၂၈ ခုနှစ်တွင် ပြီးစီးရေး၊ ဘုရားဖူးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ပေါင်းစည်းဆက်နွှယ်မှုစီမံကိန်းများအပါအဝင် နှစ် နိုင်ငံ အပြန်အလှန် အကျိုးရှိမည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး၊ ဒေသတွင်း နှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာကိစ္စ ရပ်များတွင် တိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပညာတော်သင်များ အပြန်အလှန် စေလွှတ်ရေး၊ ပုဂံစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဘုရားဖူးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက် ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။
Add new comment