မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ - ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင်အစည်းအဝေးနှင့် ကြိုတင်အစည်းအဝေးများကို စက်တင်ဘာ လ ၃ ရက် မှ ၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
- ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆုံးရှုံးနိုင်ခြေမြင့်မားသောမှုခင်းများနှင့် ဆက်နွှယ် သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေများကို သိရှိနားလည်ပြီး ဖြေရှင်းရန်နည်းလမ်းများ ဖော် ထုတ်လျက်ရှိသည့်အခြေအနေ၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသည့် ဟွန်ဒီများ လျော့နည်းပပျောက်စေရေးအတွက် တရားဝင်လုပ်ငန်းလိုင်စင်များရယူလုပ်ကိုင်စေရန် တွန်း အားပေးဆောင်ရွက်ချက်များနှင့် လိုင်စင်မရှိဘဲတရားမဝင်ဆောင်ရွက်နေသူများကို တရား ဥပဒေစိုးမိုးရေးအဖွဲ့များနှင့် သက်ဆိုင်ရာနိုင်ငံများရှိ ဗဟိုဘဏ်များဖြင့်ပူးပေါင်း၍ ဖော်ထုတ် အရေးယူဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့။
- လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာ ထိရောက်စွာ အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ အကဲဖြတ်သူများ၏ အကြံပြုချက်နှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၏ ပုဒ်မ ၆ (ဃ) နှင့် ၅၃ တို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလအကုန်တွင် ပြင်ဆင်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် အဆင့် သတ်မှတ်ချက်များတိုးမြှင့်ပေးရန် ဆွေးနွေးခဲ့။
မျက်နှာချင်းဆိုင်အစည်းအဝေး၌ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group–APJG) တွဲဖက်သဘာပတိများ၊ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) နှင့် အာရှပစိဖိတ်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering – APG) အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ၊ APJG မှ အကဲဖြတ်သူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၉-၂၀၂၄)
- ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆုံးရှုံးနိုင်ခြေမြင့်မားသောမှုခင်းများနှင့် ဆက်နွှယ် သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေများကို သိရှိနားလည်ပြီး ဖြေရှင်းရန်နည်းလမ်းများ ဖော် ထုတ်လျက်ရှိသည့်အခြေအနေ၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသည့် ဟွန်ဒီများ လျော့ နည်းပပျောက်စေရေးအတွက် တရားဝင်လုပ်ငန်းလိုင်စင်များ ရယူလုပ်ကိုင်စေရန် တွန်းအား ပေးဆောင်ရွက်ချက်များနှင့် လိုင်စင်မရှိဘဲတရားမဝင်ဆောင်ရွက်နေသူများကို တရားဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် သက်ဆိုင်ရာနိုင်ငံများရှိ ဗဟိုဘဏ်များဖြင့်ပူးပေါင်း၍ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့။
- လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာ ထိရောက်စွာ အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ ၆ (ဃ) နှင့် ၅၃ တို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအကုန်တွင် ပြင်ဆင်ထုတ်ပြန်သွားမည်ဖြစ်။
Add new comment