ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား သွားရောက်ကြည့်ရှုအားပေး

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား တာဝန်ရှိသူများနှင့် ပြည်သူများက သွားရောက် ဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်-

  • စက်တင်ဘာလ ၃ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းသို့ ‌ရောက်ရှိနေသည့် ပြည်သူ့ စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင် တို့ သွားရောက်တွေ့ဆုံခဲ့။
  • စက်တင်ဘာလ ၄ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ  နယ်မြေခံသင်တန်း ကျောင်းသို့ ‌ရောက်ရှိနေသည့် ပြည်သူ့ စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄)သို့ တက်ရောက် မည့် နိုင်ငံ့သားကောင်း ရတနာများအား တြိဂံ‌‌ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် သွားရောက်တွေ့ဆုံခဲ့။
  • အလားတူ ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄)သို့ တက်ရောက် မည့် နိုင်ငံ့သားကောင်းရတနာများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း သွားရောက်တွေ့ဆုံခဲ့။
  • စက်တင်ဘာလ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ နယ်မြေခံသင်တန်းကျောင်းသို့ ‌ရောက်ရှိနေသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ  တာဝန်ရှိသူများ သွားရောက် တွေ့ဆုံခဲ့။

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးတို့က တွေ့ဆုံအားပေး စကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၄)

  • ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်   မွန်ပြည်နယ်တို့ရှိ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးတို့က သွားရောက်ဂုဏ်ပြုကြိုဆို၍ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။

 

 

 

 

 

Add new comment