နိုင်ငံရေး၊ လူမျိုးရေး၊ နယ်မြေပိုင်ဆိုင်ရေး အကြောင်းပြချက်ဖြင့် လက်နက်ကိုင်ပဋိပက္ခများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များက ရဲဝံ့စွန့်စားစွာတိုက်ခိုက်ချေမှုန်းနေခြင်းသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်း စိမ်ကို ကာကွယ်နိုင်ရန်အတွက် တရားသောစစ်ဆင်နွှဲနေခြင်းဖြစ်ပါသည်။ စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် တရားသောစစ်ဆင်နွှဲနေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ပေးပို့လှူဒါန်းလျက် ရှိပါသည်။
- စက်တင်ဘာလ ၄ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ထမ်းမိသားစုများက လှူဒါန်း သည့် ငွေကျပ် ၈၃ သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုပေးအပ်ခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက လက်ခံရယူခဲ့။
အဆိုပါ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများက ရှေ့တန်းစစ် မျက်နှာအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံတာဝန်ထမ်း ဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၄)
- တရားသောစစ်ဆင်နွှဲနေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ပစ္စည်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူများက လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရ။
Add new comment